Xiaomi က စွမ်းရည်မြင့် ကင်မရာ တပ်ဆင်နိုင်တဲ့ အထူးထုတ် Xiaomi 15 ကို ကြေညာ
=================================================
Mobile World Congress (MWC) မှာ တစ်ကမ္ဘာလုံးမှ ကုမ္ပဏီက ထူးခြားဆန်းသစ်တဲ့ နည်းပညာမြင့် ကုန်ပစ္စည်းတွေကို ပြသလိုက်ပါတယ်။
Xiaomi ကလည်း စွမ်းရည်မြင့် ကင်မရာ တပ်ဆင်နိုင်တဲ့ အထူးထုတ် Xiaomi 15 ကို ကြေညာလိုက်ပါတယ်။ Modular ကင်မရာ ဒီဇိုင်းလို့ ပြောနိုင်ပြီး 35mm Lens ကို ဖုန်း အနောက်ဘက်မှာ လွယ်ကူစွာ ဖြုတ်တပ်နိုင်ပါတယ်။ DSLR စတိုင် ဖုန်းမှာ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
အဲဒီ ကင်မရာဟာ အရည်အသွေးမြင့် ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ပြီး ဖုန်းမှာ ချိတ်ဆက်ဖို့ သံလိုက်ကို အသုံးပြုထားပါတယ်။ ဒေတာ ပေးပို့တဲ့အခါ လျှင်မြန်ပြီး အရည်အသွေးမြင့် ဓါတ်ပုံတွေ ရိုက်ကူးတဲ့အခါ Lag နည်းပါးတဲ့ Xiaomi ရဲ့ LaserLink နည်းပညာ ပါလာပါတယ်။
ကင်မရာကို ဖုန်းမှာ တပ်ဆင်ပြီးတာနဲ့ Xiaomi Camera App ထဲမှာ Standard နဲ့ Modular ကင်မရာ Mode ကို ပြောင်းလဲနိုင်ပါတယ်။ ပရော်ဖက်ရှင်နယ် ဓါတ်ပုံသမားတွေ နှစ်သက်တဲ့ RAW Image ကို ဖမ်းယူပေးနိုင်ပါတယ်။ မြင့်မားတဲ့ ဓါတ်ပုံ အရည်အသွေးနဲ့ ကောင်းမွန်တဲ့ Dynamic Range ကို ပံ့ပိုးပေးပါတယ်။ ကြီးမားတဲ့ Aperture ပါတဲ့ 35mm All-aspherical Glass Lens တပ်ဆင်ထားပြီး Low-light Performance ကောင်းမွန်ကာ Depth of Field Control တိကျပါတယ်။ သာမာန် စမတ်ဖုန်း ဆန်ဆာတွေထက် တော်တော်များများ ပိုကြီးတဲ့ 100MP Micro Four Thirds (M4/3) Sensor ကို သုံးထားပါတယ်။
Ref : Gizmochina


