23 w - Translate

ဂေါက်ရောဂါ ( Gout )

.

အဆစ်ရောင်ရောဂါ ဖြစ်ပါတယ် ။ ခြေမဆစ် မှာအများဆုံးဖြစ်လေ့ရှိပါတယ် ။

သွေးထဲမှာ ယူရစ်အက်ဆစ် များတာကြောင့်ဖြစ်ရတာပါ ။ အဆစ်များပေါ်မှာ ယူရစ်အက်ဆစ်အနည်များစုပုံလာပြီး အဖု Tophi များလဲ ထွက်လာတတ်ပါတယ် ။

ခြေမဆစ်အပြင် ဖနောင့် ၊ ဒူးဆစ် ၊ လက်ကောက်၀တ် ၊ လက်ချောင်းများ မှာလည်း ဖြစ်တတ်ပါတယ် ။

အစားကောင်းအသောက်ကောင်းစားရတဲ့ လူဝကြီးများမှာ ဖြစ်တတ်သဖြင့် ရှေးအခါက ရှင်ဘုရင်ရောဂါ ၊ သူဋ္ဌေးရောဂါ လို့ ကင်ပွန်းတပ်ခဲ့ကြပါတယ် ။

ဖြစ်စေတဲ့ အကြောင်းများစွာထဲမှာ မျိုးရိုးလိုက်ခြင်း နဲ့ အစားအသောက် အနေအထိုင်တို့ က ပိုထင်ရှားပါတယ် ။



အစားအသောက်ထဲမှာပါသော ပြူရင်း ( purines ) ဓါတ်က ကိုယ်ထဲမှာ ( uric acid )အဖြစ်သို့ ပြိုကွဲပါတယ် ။ ပြူရင်းများပြားစွာပါ၀င်သော အစားအသောက် များက ဂေါက်ဖြစ်ဘို့ အားပေးပါတယ် ။

ပြူရင်း ( purines ) များပြားသော အစားအစာများက

- အရက် အထူးသဖြင့် ဘီယာ ၊ အရက်ဖြူ
- အချိုရေ ( fructose-sweetened drinks )
- အနီရောင် အသား ( အမဲသား ၊ ဆိတ်သား )
- ဦးနှောက် ( Brains )
- ပင်လယ်စာ ( ဂုံးကောင် Scallops ၊ ပင်လယ်ငါးသလောက် herring ၊ တူနာ tuna ၊ ငါးပါးနီ anchovies ၊ ဆာဒင်း sardines,
- ငါးဥ ( fish roes (eggs and caviar)
- ကြက်ဆင်သား ( Turkey )
- အသဲ liver ၊ ကျောက်ကပ် kidneys
- ကညွတ် ( Asparagus )
- အခြောက်ခံထားသော ပဲ ( Dried beans )
- ပဲနီလေး ( Lentils )
- မှို ( Mushrooms )
- အခြောက်ခံထားသောပဲစေ့ (Dried peas )
- ဟင်းနုနယ် ( Spinach )



ဂေါက်ရောဂါက Metabolic syndrome ခေါ် အ၀လွန်ခြင်း ၊ သွေးတိုး ၊ ဆီးချို ၊ ရောဂါရှိခြင်း ၊ ကိုလက်စထရော များခြင်း တို့ နှင့် အမြဲတမ်းတွဲဖြစ်လေ့ ရှိပါသည် ။



ဆီးရွှင်ဆေး ( Diuretics ) ၊ နိုင်ယာစင် niacin ၊ အက်စပရင် aspirin (acetylsalicylic ) များ ကြောင့်လဲ ဂေါက်ရောဂါ ဆိုးဝါးစေပါသည် ။

...

ကော်ဖီသောက်ခြင်းကို အနည်းငယ်ခွင့်ပြု ပေမယ့် လက်ဘက်ရည်ကိုတော့ ခွင့်ပြု မထားပါဘူး ။

...

ဒေါက်တာမြင့်သိန်း
၂၈ စက်တင်ဘာ ၂၀၁၄

image