23 w - Translate

သွင်းဂိုး/ဖန်တီးမှုတွေနဲ့ ခြေစွမ်းပြနေတဲ့အသင်းခေါင်းဆောင် ကွင်းလယ်လူနှစ်ဦး

ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများတွင် အသင်းကို ခြေစွမ်းကောင်းကောင်းဖြင့် များစွာအကျိုးပြုနေကြသည့် အသင်းခေါင်းဆောင်များထဲ၌ မန်ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒတ်စ်နှင့် အာဆင်နယ်ကွင်းလယ်လူ မာတင်အိုဒီဂတ်တို့ ပါဝင်လျက်ရှိသည်။ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် အာဆင်နယ်(၅-ဝ)ချယ်လ်ဆီးပွဲတွင် အိုဒီဂတ်က (၂)ဂိုးဖန်တီးပေးခဲ့ပြီး ယခုရာသီတွင် သူ၏ ပရီးမီးယားလိဂ်ဂိုးပါဝင်ပတ်သက်မှုမှာ (၁၆)ဂိုး (၈ ဂိုးသွင်း၊ ၈ ဂိုးဖန်တီး)ရှိလာခဲ့သည်။ယခုရာသီတွင် အိုဒီဂတ်၏ ဂိုးအခွင့်အရေးဖန်တီးမှုမှာ (၉၁)ကြိမ်အထိရှိထားပြီး ဘောလုံးပေးပို့ရာတွင် မှန်ကန်တိကျမှုက (၈၇.၁%)ရှိခဲ့သည်။ထို့အတူ ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ(၄-၂)ရှက်ဖီးယူနိုက်တက်ပွဲတွင် ဘရူနို ဖာနန်ဒတ်စ်က ကိုယ်တိုင်(၂)ဂိုးသွင်းယူခဲ့သလို၊ (၁)ဂိုးဖန်တီးပေးခဲ့ပြီး ယခုရာသီတွင် သူ၏ ပရီးမီးယားလိဂ်ဂိုးပါဝင်ပတ်သက်မှုမှာ (၁၇)ဂိုး (၁၀ ဂိုးသွင်း၊ ၇ ဂိုးဖန်တီး)ရှိလာခဲ့သည်။ယခုရာသီတွင် ဖာနန်ဒတ်စ်၏ ဂိုးအခွင့်အရေးဖန်တီးမှုမှာ (၉၉)ကြိမ်အထိရှိထားပြီး ဘောလုံးပေးပို့ရာတွင် မှန်ကန်တိကျမှုက (၇၉.၄%)ရှိခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးအနေဖြင့် မိမိတို့ ကလပ်အသင်းများ၏ သက်ဆိုင်ရာရည်မှန်းချက်များကို အကောင်အထည်ဖော်ပေးနိုင်မလားဆိုသည်ကို ရာသီကုန်အထိ ဆက်ကြည့်ရမည်ဖြစ်သည်။

image