6 ပတ် - ဘာသာပြန်ပါ။

ယူကရိန်းနှင့် ပတ်သက်သည့် အရေးကြီးအစည်းအဝေးတွင် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ဖို ဥရောပခေါင်းဆောင်များသဘောတူ
******************
(နိုင်ငံတကာ) မတ် ၇

ယူကရိန်းစစ်ပွဲနှင့်ပတ်သတ်သည့် အရေးကြီးအစည်းအဝေးတွင် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ဖို့ ဥရောပခေါင်းဆောင်များ သဘောတူခဲ့ကြောင်း သိရသည်။

အမေရိကန်၏ ယူကရိန်းသို့ စစ်ရေးအထောက်အပံ့များ ရပ်ဆိုင်လိုက်ချိန်တွင် ဥရောပတိုက်၏လုံခြုံရေး ပိုမိုသေချာစေရန် ကြာသပတေးနေ့တွင် ကျင်းပခဲ့သည့် ဥရောပထိပ်သီး အစည်းအဝေးတွင် သဘောတူထောက်ခံခဲ့ကြသည်။

ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပခဲ့သည့် အဆိုပါအစည်းအဝေးသို့ ဥရောပ ခေါင်းဆောင် ၂၇ တက်ရောက်ခဲ့ပြီး ယူကရိန်းနိုင်ငံလွတ်လပ်ရေး နှင့် အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့တန့်ခိုင်မြဲရေးကို လေးစားရန် တောင်းဆိုသည့် ငြိမ်းချမ်းရေးသဘောတူညီမှုတစ်ရပ်ကို လက်မှတ်ရေးထိုး ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ သဘောတူညီမှုတွင် ဟန်ဂေရီနိုင်ငံက ကြားနေအဖြစ် ရပ်တည်ခဲ့ကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးတွင် ပြင်သစ်သမ္မတ မက်ခရွန်က ယူကရိန်းစစ်တပ်အတွက် ဒေါ်လာ ၃၃ ဘီလီကျော်ကို ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါ ၃၃ ဘီလီယံကျော်မှာ ပြင်သစ်ရှိ ရုရှားနိုင်ငံသားများ၏ ပိုင်ဆိုင်မှုများကို သိမ်းယူထားသည့် ငွေကြေးများဖြစ်ကြောင်းသိရသည်။

image