23 w - Translate

တရုတ်အစိုးရ ညွန်ကြားချက်ကြောင့် Meta ပိုင်ဆိုင်တဲ့ WhatsApp နဲ့ Threads ကို Apple App Store ပေါ်ကဖြုတ်ချ

တရုတ်ဆိုင်ဘာလုံခြုံရေး၎ာနရဲ့ ညွန်ကြားချက်ကြောင့် Meta ပိုင်ဆိုင်တဲ့ Products ၂ ခုဖြစ်တဲ့ WhatsApp နဲ့ Threads ကို တရုတ် Region Apple App Store ပေါ်ကနေ ဖြုတ်ချလိုက်ပါတယ်။ Apple ဖက်ကလည်းဒါဟာ အစိုးရကညွန်ကြားချက်ဖြစ်တယ်လို့ အတည်ပြုပါတယ်။

Facebook, Messenger, Instagram, Twitter(X) တို့ကတော့ App Store ပေါ်မှာရှိနေဆဲဖြစ်ပါတယ်။ တရုတ်နိုင်ငံက ပေါ်လစီကျွမ်းကျင်သူတွေ ယူဆချက်ကတော့ တရုတ်နိုင်ငံရဲ့ ၂၀၂၃ အတွင်းကထုတ်ပြန်ထားတဲ့ တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ Product တိုင်းဟာ အစိုးရမှာ တရားဝင်မှတ်ပုံတင်ရမယ်ဆိုတဲ့ စည်းမျဥ်းကြောင့် ခုလိုလုပ်တာဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။

TikTok ကိုအကွက်တွေပြပြီး အနောက်နိုင်ငံတွေမှာ ကန့်သန့်တာကြောင့် တရုတ်ဖက်ကလည်း ခုလိုကွက်ကြားပြန်ပြီး ပညာပေးလာမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး၊ တစ်ကယ်ဒီဒဏ်တွေကို ခံစားရတာတော့ ကြားကအသုံးပြုသူတွေပဲဖြစ်ပါတယ်။

image