6 w - Translate

နစကဥက္ကဋ္ဌနှင့် ဘီလာရုစ်သမ္မတတို့ လွတ်လပ်ရေးနန်းတော်၌ တွေ့ဆုံ
မင့်စ်၊ မတ် ၇
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဘီလာရုစ်သမ္မတ လူကာရှန်းကော့က မင့်စ်မြို့မှာရှိတဲ့ လွတ်လပ်ရေးနန်းတော်မှာ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲကို တရားဝင်ကြိုဆိုပွဲနဲ့ စတင်ခဲ့ပြီး နှစ်ဖက်ဆွေးနွေးပွဲကို တစ်ဦးချင်းစီရော ကိုယ်စားလှယ်အဖွဲ့များနဲ့ပါ ပါဝင်ပြီး ကျင်းပသွားမှာဖြစ်ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြမှာဖြစ်ပြီး အနာဂတ်အတွက် အစီအစဉ်တွေကိုလည်း အကောင်အထည်ဖော်မှာဖြစ်ကြောင်း ဘီလာရုစ်သတင်းဌာနကတွေက ရေးကြပါတယ်။
အထူးသဖြင့် စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆေးဝါးနဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲအပြီးမှာလည်း နှစ်နိုင်ငံအကြား သဘောတူညီချက် စာရွက်စာတမ်းတွေကို လက်မှတ်ရေးထိုးကြမယ်လို့ သိရပါတယ်။

image