6 w - Translate

ကမ္ဘာ့ပထမဆုံး ဆန့်ထုတ်နိုင်တဲ့ Flexible Display ကို ပြသလိုက်တဲ့ LG
========================================
Display နည်းပညာမှာ LG က ကမ္ဘာမှာ ထိပ်တန်းက ဦးဆောင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ LG ဟာ Flexible Display များစွာကို တီထွင်ဖန်တီးနေပါတယ်။ အခုပြသလိုက်တဲ့ Display က ခေါက်ချိုးနိုင်တာထက် ပိုတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားပါတယ်။
အဲဒါကတော့ ရုပ်ပုံ အရည်အသွေးကို မထိခိုက်စေဘဲ ၅၀ ရာခိုင်နှုန်း ဆန့်ထုတ်နိုင်တဲ့ Flexible Display ဖြစ်ပြီး ဒါဟာ ကမ္ဘာ့ ပထမဆုံး ဆန့်ထုတ်နိုင်တဲ့ Display ဖြစ်ပါတယ်။ Display နည်းပညာ အသစ်လို့လည်း ပြောနိုင်ပါတယ်။
အဲဒီ Display ဟာ ၁ လက်မမှာ ၁၀၀ Pixels High Resolution ရှိပြီး ၁၂ လက်မ ကနေ ၁၈ လက်မ အထိ ဆန့်ထုတ်နိုင်ပါတယ်။ လက်ရှိ Flexible Display တွေလို ကွေးညွှတ်နိုင်ရုံသာမက လိမ်ချိုးနိုင်ကာ ပုံသဏ္ဍာန်မျိုးစုံကို အသွင်ပြောင်းနိုင်ပါတယ်။ အဲဒီအတွက် ဒီဇိုင်း ဆန်းသစ်တဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို တီထွင်နိုင်မှာ ဖြစ်ပါတယ်။
ဥပမာ အနေနဲ့ လူ့ အရေပြားနဲ့ အဝတ်အထည်တွေလို မညီညာတဲ့ မျက်နှာပြင်တွေပေါ်မှာ တပ်ဆင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Display ဟာ ပေါ့ပါးပြီး LG က Wearable နဲ့ အဝတ်အစား အပါအဝင် ကုန်ပစ္စည်းများစွာမှာ အသုံးဝင်လာမယ်လို့ ပြောပါတယ်။

image