ကမ္ဘာ့ ပထမဆုံး သစ်သား ဂြိုလ်တုကို အာကာသသို့ လွှတ်တင်လိုက်တဲ့ ဂျပန်
===========================================
သမားရိုးကျ ဂြိုလ်တုတွေဟာ ကမ္ဘာမြေပေါ်ပြန်လည် ကျရောက်လာတဲ့အခါ မီးလောင်ကျွမ်းသွားကြပြီး သတ္တုအပိုင်းအစတွေဟာ လေထုထဲမှာ ပျံ့နှံ့သွားပါတယ်။ အဲဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေပါတယ်။
အဲဒီအတွက် သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေတဲ့ ကမ္ဘာ့ ပထမဆုံး သစ်သား ဂြိုလ်တုကို ဂျပန်က တီထွင်လိုက်ပါတယ်။ ကျိုတို တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေနဲ့ နေအိမ် တည်ဆောက်တဲ့ Sumitomo Forestry တို့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပြီး LignoSat လို့ အမည်ပေးထားပါတယ်။ ဂျပန်က အဲဒီ အရွယ်သေး ဂြိုလ်တုလေးကို အာကာသကို အောင်မြင်စွာ လွှတ်တင်လိုက်ပါတယ်။ အဲဒီ ဂြိုလ်တုဟာ ကမ္ဘာပတ်လမ်းကြောင်းမှာ ၆ လကြာ လှည့်ပတ်နေမှာ ဖြစ်ပါတယ်။
ဂြိုလ်တုရဲ့ မျက်နှာပြင်တစ်ခုစီဟာ ၄ လက်မ (၁၀ စင်တီမီတာ)ပဲ ရှိပြီး အရွယ်အစား အလွန်သေးငယ်ပါတယ်။ မူလီနဲ့ ကော် မပါဘဲ ဂျပန် ရိုးရာ နည်းပညာနဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး ဂျပန်မှာ ပေါက်တဲ့ Magnolia သစ်ပင် အမျိုးအစား တစ်ခု ဖြစ်တဲ့ ဟိုနိုကီနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ဒီစီမံကိန်းသာ အောင်မြင်ရင် အနာဂတ်မှာ သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေတဲ့ သစ်သား ဂြိုလ်တုတွေကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
