1176. Rogue One (2016)
Rogue One ရဲ့ ကာလကတော့ Star Wars III : Revenge of the Sith နောက်ပိုင်းမှာ Jedi အားလုံးလုပ်ကြံခံရပြီး ဒီမိုကရေစီကနေ အင်ပါယာထူထောင်ခံချိန်၊ အင်ပါယာကို Sith Lord နဲ့ Darth Vader တို အုပ်စိုးချိန်မှာ Rebellion တော်လှန်ရေးတပ်ကို စတင်ဖွဲစည်းတဲ့ကာလဖြစ်ပါတယ်။ ဒီဇာတ်ကားကို Star Wars IV : A New Hope မတိုင်ခင်ကာလအဖြစ်ကြည့်ရှုရမှာပါ။ A New Hope အစမှာ မင်းသမီးလိုင်ယာ လက်ထဲကို Death Star ရဲ့ ပုံစံနဲ့ အားနည်းချက်တွေ ရောက်လာတာက စခဲ့တာဖြစ်တဲ့အတွက် ဒီကားမှာတော့ အဲဒီ Death Star ရဲ့ ပုံစံနဲ့ အားနည်းချက်ကို အသက်စွန့်ယူဆောင်ပေးကြတဲ့ Rebellion သူရဲကောင်းတွေရဲ့ တိုက်ပွဲတွေကို တွေ့ရပါလိမ့်မယ်။ (ဒီကားထဲမှာ ဘုရင်ခံတာကင်နဲ့ မင်းသမီးလိုင်ယာတိုရဲ့ ၁၉၇၇ က ဇာတ်ကောင်ပုံစံတွေအတိုင်း တူအောင် digital ပုံရိပ်ဖော်ပြီး ထည့်သွင်းပေးထားတာပါ)
