6 w - Translate

ကမ်းလွန်လုပ်ကွက်များတွင် ရုရှားရင်းနှီးမြှုပ်နှံမှုဖြင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်ရေး ဆွေးနွေး +++++
နစကဥက္ကဋ္ဌရဲ့ ရုရှားခရီးစဉ်အတွင်း နှစ်နိုင်ငံစွမ်းအင်ဝန်ကြီးဌာနတို့အကြား အလားအလာကောင်းတွေ ရှိနေတဲ့ မြန်မာ့ကမ်းလွန်လုပ်ကွက်တွေမှာ ရုရှားကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံပြီး ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဖြစ်နိုင်ခြေ ဆန်းစစ်ခြင်းတွေ လာရောက်ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော် ထုတ်လုပ်ရေးမှာလည်း အဆင့်မြင့်နည်းပညာတွေ အသုံးပြုနိုင်ဖို့ အကူအညီပေးရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်းအနီး LNG Terminal တွေ တည်ဆောက်ပြီး ပြည်တွင်းသုံးနဲ့ ပြည်ပကို တင်ပို့ရောင်းချနိုင်ရေး ရင်းနှီးမြှုပ်နှံဆောင်ရွက်ရေး၊ LNG Terminal ကတစ်ဆင့် ဆက်သွယ်မယ့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်မယ့် ကိစ္စရပ်တွေမှာ ရင်းနှီးမြှုပ်နှံရေးတို့ ပါဝင်နေပါတယ်။
ဆက်လက်ပြီး ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရေနံချက်စက်ရုံ တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံရေး၊ မြန်မာနိုင်ငံရဲ့ စက်သုံးဆီလိုအပ်ချက်တွေကို သက်သာတဲ့ဈေးနှုန်း (Friendly Price) နဲ့ ရရှိနိုင်ဖို့ ကူညီဆောင်ရွက်ပေးရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
သတင်း - BETV Business

image