6 w - Translate

အထက်တန်းအဆင့် ‌ကျောင်းသားများ၏ ကျောင်းသုံးစာအုပ်များ ပြန်လည်အပ်နှံရမည်
*****************
(ပြည်တွင်း) မတ် ၇
ဖတ်စာအုပ်များ ပုံနှိပ်ထုတ်ဝေရာမှာ အခက်အခဲရှိခြင်းနှင့် ပညာရေးဘတ်ဂျတ်ကို လျှော့ချရန်အတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစပြီး ကျောင်းသုံး ဖတ်စာအုပ်များကို လက်ဆင့်ကမ်းစနစ်စတင်ကျင့်သုံးမယ်လို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။

ယခုပညာသင်နှစ်မှာ အခြေခံပညာအထက်တန်းအဆင့်များဖြစ်တဲ့ Grade-10၊ Grade-11၊ Grade-12 ကျောင်းသား၊ ကျောင်းသူများရဲ့ ကျောင်းသုံးဖတ်စာအုပ်များကို ပြန်သိမ်းရန် ပညာရေးဌာနက ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းပညာရေးမှူးရုံးက သိရပါတယ်။

အထက်တန်း ကျောင်းသား၊ ကျောင်းသူများရဲ့ ဖတ်စာအုပ်များကို ပြန်သိမ်းပြီး လာမည့်ပညာသင်နှစ်တွင် လက်ဆင့်ကမ်း ပြန်လည်မျှဝေ သွားမည်ဖြစ်တာကြောင့် စာမေးပွဲနောက်ဆုံးနေ့တွင် စာအုပ်များ သိမ်းယူသွားမည်ဟု ရန်ကုန်တိုင်းပညာရေးမှူးရုံးက အရာရှိတယောက်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဖတ်စာအုပ်များ လက်ဆင့်ကမ်းပြန်အပ်ရတဲ့ စနစ်ပြောင်းလဲပါက ကျောင်းသားများအနေနဲ့ စာအုပ်အဟောင်း များကို ပြန်ကိုင်ရမှာကြောင့် ကျောင်းသားမိဘများက ဝေဖန်မှုများရှိနေကြကြောင်း ကြားသိရပါတယ်။

လက်ရှိမှာ အခြေခံပညာ အထက်တန်း ဖတ်စာအုပ်တစ်စုံကို ပြင်ပစာအုပ်ဆိုင်များမှာ ကျပ်တစ်သောင်း ကျော်ဝန်းကျင်ကနေ သုံးသောင်းကျော်ထိ ပေါက်ဈေးရှိနေပြီး မြို့နယ်တချို့က စာသင်ကျောင်းများမှာ ပညာသင်နှစ်ကုန်သည်အထိ ပုံနှိပ်စာအုပ်အစုံအလင်မရရှိသေးသော ကျောင်းသားများ ရှိနေသေးကြောင်း သိရပါတယ်။

image