အပေါ်ယံလူတစ်ချို့ကြောင့်
တဖြည်းဖြည်း
သံယောဇဉ်နည်းတတ်ခဲ့ပြီ
လိုအပ်မှ ခင်မင်ပြတဲ့လူတစ်ချို့ကြောင့်
တစ်ယောက်တည်းနေရတာ
အသားကျလာခဲ့ပြီ
မုသားတွေနဲ့
လိမ်ညာတတ်တဲ့လူတစ်ချို့ကြောင့်
ယုံကြည်မှုတွေ အေးစက်လာခဲ့ပြီ
အသုံးချခံတာ များလာတော့လည်း
လူတိုင်းအပေါ် စေတနာတွေ
လျော့နည်းလာခဲ့ပြီ.
ကိုယ့်အပေါ် ဘာမဟုတ်တဲ့လူတွေအတွက်
အချိန်မဖြုန်းသင့်ဘူးဆိုတာ
သိလာခဲ့ပြီ
စေတနာတွေ ယုံကြည်မှုတွေ ကိုယ့်ရဲ့အချိန်တွေ
အဆုံးရှုံးခံဖို့မလိုတော့ဘူးဆိုတာ
နားလည်ခဲ့ပြီ
ဘာမှမတန်တဲ့ လူတွေအတွက်
ဘာမှ မပေးချင်တော့တဲ့
ကိုယ့်ဆုံးဖြတ်ချက်ဟာ
သူတို့အတွက်တန်ရာဆိုတာ
သိလာခဲ့ပါပြီ
