လှေခါးထစ် ၁၃၄ ခုကို တက်ပြီး ကမ္ဘာ့စံချိန်တင်သွားတဲ့ တရုတ် ရဲ့ လူတူစက်ရုပ်
=============================================
တရုတ် ရဲ့ လူတူစက်ရုပ် နည်းပညာဟာ ထိပ်တန်း အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ တရုတ်ရဲ့ The National and Local Co-built Embodied AI Robotics Innovation Center က တီထွင်ထားတဲ့ Tien Kung လူတူစက်ရုပ်ဟာ စွမ်းရည်တော်တော်မြင့်မားပါတယ်။
အဲဒီ စက်ရုပ်ဟာ ဘေဂျင်းမှ Haizi Wall Park ရဲ့ တောင်ထိပ်ကို လှေခါး ၁၃၄ ထစ်ကို တက်ပြီး ကမ္ဘာ့ စံချိန်တင်သွားခဲ့ပါတယ်။ ဒီလို လှေခါးထစ်များစွာကို တက်နိုင်တဲ့ လူတူစက်ရုပ်ဟာ Tien Kung ပဲ ရှိပါသေးတယ်။ တစ်နည်းအားဖြင့် Tien Kung ဟာ တရုတ်ရဲ့ လူတူစက်ရုပ် နည်းပညာ တိုးတက်မှုကို သက်သေပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
Tien Kung မှာ လှေခါး ၊ ကုန်းမြင့် တွေကို ကျော်လွှားနိုင်တဲ့ နည်းပညာ ထည့်သွင်းပေးထားပါတယ်။ နှင်းတွေပေါ်မှာ တစ်နာရီ ၇.၄ မိုင် အမြန်နှုန်းနဲ့ လမ်းလျှောက်နိုင်ပါတယ်။
