23 w - Translate

အထီးကျန်တယ်လို့ ခံစားရတဲ့အခါ
ကောင်းကင်ကြီးနဲ့တိမ်တွေကို ငေးမယ်...
ကြည်နူးစရာသံစဥ်လေးတွေ နားထောင်မယ်...
ပန်းကလေးတွေ ဖူးပွင့်လာအောင်ပျိုးထောင်မယ်...

ခွန်အားရစေမယ့်စာပေတွေ ရွေးချယ်ပြီးဖတ်ဖြစ်မယ်...
လုံလောက်စွာအိပ်စက်အနားယူပြီး ခန္ဓာကိုယ်လေးကျန်းမာစေဖို့ ဂရုစိုက်ပေးမယ်...

အေးချမ်းခြင်းကိုသာ နှစ်သက်သူမို့
ခွင့်လွှတ်ခြင်းနည်းလမ်းနဲ့ပဲ အပူငြိမ်းစေချင်တယ်...
စိတ်ကလေးငြိမ်းချမ်းနေတဲ့အခါ
နှလုံးသားလေးအေးချမ်းနေရတာကို သိပ်သဘောကျတာပဲ...
ငြိမ်းချမ်းစွာနေထိုင်ရင်း အနားကချစ်တဲ့သူတွေကိုလည်း အေးမြတဲ့ဓာတ်ကလေးကူးစက်စေချင်တာမို့...

image