6 w - Translate

ကိုနာတေတယောက် အနီကတ်ပါ ထိနိုင်တဲ့ အနေအထားကို ရှောင်လွှဲနိုင်ခဲ့တာပါ။ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာကိုလာကို အနောက်ကနေ သူ တွန်းခဲ့တာဖြစ်ပြီး နောက်ဆုံးခံစစ်မှူးအဖြစ် ရှိနေတာကြောင့် ကွင်းလယ်ဒိုင်ကသာ အပြစ်ရှိတယ်လို့ ယူဆရင် သူ့ကို အနီကတ်ပါ ပြသွားမှာ သေချာပါတယ်။ ဒိုင်က အရေးမယူခဲ့တာမို့ သူ ကံကောင်းခဲ့ပါတယ်။

ပီအက်စ်ဂျီကတော့ ဒီဆုံးဖြတ်ချက်အတွက် စိတ်ပျက်နေခဲ့ကာ ဒိုင်လူကြီးကို မေးခွန်းထုတ်သွားခဲ့ပါတယ်။ နည်းပြအင်းနရစ်ကလည်း တိုက်ရိုက်မပြောခဲ့ပေမယ့်လည်း ဒီအဆုံးအဖြတ်ဟာ ပွဲရလဒ်ကိုပါ ပြောင်းလဲသွားစေခဲ့တယ်လို့ ဆိုပါတယ်။ အနှေးပြကွက်အရ ကိုနာတေဟာ လိုက်မမီနိုင်တော့တဲ့နောက်မှာ မသိမသာလေး တွန်းခဲ့တယ်လို့ ယူဆရပါတယ်

image