5 w - Translate

Realme ရဲ့ ကင်မရာဖုန်း

ဖုန်းမှာ ကင်မရာတပ်လာတာ Xiaomi တင်မကတော့ဘူး realme လည်းပါလာပါပြီ။ Interchangeable lens concept ဆိုပြီး MWC Event မှာ မိတ်ဆက်လာတာပါ။ ဖုန်းကိုတော့ Realme Ultra လို့ အမည်ပေးထားတယ်။

ရုတ်တရက်ဆိုရင်တော့ တော်တော်များများ Xiaomi 15 Ultra လို့ပဲ ပြေးမြင်ကြမှာပါပဲ။ ကျောဘက်ဒီဇိုင်းကတော့ တော်တော်လေးဆင်ပါတယ်။ ဖုန်းမှာ သုံးသွားမယ့် Camera Set Up ကိုတော့ ဒီလိုဖော်ပြထားတယ်။
50MP IMX989 10X interchangeable lens, up to 60X
50M0 IMX989 periscope telephoto
50MP IMX890 ultra-wide angle

ကြေညာသွားပုံအရဆိုရင်တော့ ဖုန်းကင်မရာက Camera Lens သပ်သပ်တပ်ရိုက်ရမယ့်ပုံစံပါ။ ဒီတိုင်းရိုက်လို့မရဘူးလို့ ပြောနေကြတာမို့ နည်းနည်းတော့စားတယ်။ Camera Lens တွေတပ်ရမှာမို့ adapter တွေလိုပါမယ်။ ပြီးရင် Adapter ကနေ leica M Mount Lens သုံးပြီးရိုက်ရမှာဖြစ်ပါတယ်။ (ကင်မရာအသုံးအနှုန်းများမှားယွင်းဖော်ပြမိပါက ထောက်ပြနိုင်ပါသည်။)

image