31 w - Translate

ဟုတ်မဟုတ်တော့မသိဘူး မန်းလေးသားတွေနဲ့ မော်လမြိုင်သားတွေနဲ့ ချကုန်တော့မယ်

မော်လမြိုင်မြို့ သက်တမ်းက မန္တလေး ထက်
နှစ် ၃၀ ပိုကြီးပါတယ် မန္တလေးက
မြန်မာဘုရင်တည်ခဲ့တာဖြစ်ပြီး
မော်လမြိုင်ကတော့ အင်္ဂလိပ် ၀န်ရှင်တော်မင်းကြီး
မိန်းဂေး က
(1829) မှာကျိုက္ခမီ မှ မော်လမြိုင်ကို
တိုင်းရုံး ပြောင်းပြီးစိုက်ခဲ့တာပါ။
ထူးဆန်းမူ့ တခုက တော့ ရှေးလူကြီးတွေက
မော်လမြိုင်မြို့ ကရပ်ကွက်များကို
နာမည်ဆန်းဆန်းနှင့် န၀င်းကြေအောင်
ပေးသွားခဲ့ ကြပါတယ်။
ကုန်း(၉)ကုန်း ချောင်(၉)ချောင် တန်း(၉)တန်း ဆိုပြီး
မော်လမြိုင် ရက်ကွက်တွေကို အမည်ပေးခဲ့ကြပါတယ်။
ကုန်း(၉)ကုန်းမှာ
၁။ရှမ်းကုန်း
၂။ဇီးကုန်း
၃။ဇော်ကုန်း
၄။ထန်းပင်ကုန်း
၅။သာယာကုန်း
(မွန်သူကြီးဦးသာယာ နေထိုင်အုပ်ချုပ်ခ့ ဲသည်ကို အစွဲ ပြု၍ )
၆။စစ်ကဲကုန်း
(စစ်ကဲကြီး ဦးထော်လေး နေထိုင်ခဲ့ သည်ကို အစွဲပြု၍)
၇။မရမ်းကုန်း
(မရမ်းပင်များ ပေါက်ရောက်ရာ ကို အစွဲပြု၍)
၈။ဖိုးစောကုန်း
(မွန်သူကြီးဦးဖိုးစော နေထိုင်အုပ်ချုပ်ခ့ ဲသည်ကို အစွဲ ပြု၍ )
၉။ဘိုကုန်း
(ဥရောပတိုက်သားများ စုဝေးနေထိုင်ခဲ့ သည်ကိုအစွဲပြု၍)
ချောင်(၉)ချောင်မှာ
၁။ပဲခူးချောင်
၂။သရက်ချောင်
၃။ရေကန်ချောင်
၄။ခရုချောင်
၅။ပူတူးချောင်
၆။နှပ်ချီးချောင်
၇။ပတ္တလားချောင်
၈။ဘီလိူင်ချောင်
၉။ငှက်ဆိုးချောင် (ယခု ဒေါင်းမင်းရပ်)
တန်း(၉)တန်းမှာ
၁။လမုတန်း
၂။လှည်းတန်း
၃။စက်တန်း
၄။ပျဉ်ထောင်တန်း
၅။တရုပ်တန်း
၆။ဖက်တန်း
(သနပ်ဖက်များ ရောင်း၀ယ်ရာရပ်ကွက်ကို အစွဲပြု၍)
၇။တောင်ပေါ်တန်း
၈။၂၈ အိမ်တန်း
၉။နတ်မှော်တန်း တို့ ဖြစ်သည်။
နောက်ထပ်ရပ်ကွက်အမည် များ
သမိုင်းနှင့် တကွဖြစ်ပေါ်လာပုံကိုလည်း
ပြောပြချင်ပါသေးတယ်
သမိုင်း၀င် နန်းစဉ် ပတ္တမြား ငမောက် ကို
မလိမ့်တပတ်နှင့် အပျောက်ရိုက်သွားခဲ့သော
ဒုဗိုလ်မူးကြီးစလေဒင် မော်လမြိုင်၌
အရေးပိုင်အဖြစ် တာ၀န်ထမ်းဆောင်စဉ်
နေထိုင်သွားခဲ့သော အရပ်ကို ယနေ့ ထိတိုင်
အရေးပိုင်ကုန်း ဟုခေါ်ဝေါ်နေသေးသည်။
မုပွန်မှာ မွန်ဘာသာဖြင့် (မုဟ်ပန်)
အငူအစွန်း ဟု အဓိပါယ်ရသည်။
မွန်သူကြီးဖိုးမောင်ငံ အုပ်ချုပ်ခဲ့သော အရပ်ကို
မောင်ငံရပ်။
ဓမ္မစေတီမင်း လှူဒါန်းခဲ့သော သိမ်ရှိရာအရပ်ကို
သိမ်ကုန်းရပ်။
ထား၀ယ်မြို့မှ ပြောင်ရွေ့ အခြေချသူများ
နေထိုင်ရာအရပ်ကို ထား၀ယ်စု။
ပန်းပဲသမားများ စုပေါင်းနေထိုင်ရာအရပ်ကို ပန်းပဲတန်း။
ပြင်သစ်သင်္ဘောတစ်စီး လဲပြိုနစ်မြုပ်ခဲ့သောအရပ်ကို
သင်္ဘောလဲရပ်။
ပြည်မြို့အနီးရွှေတောင်မှ ပြောင်ရွေ့ အခြေချသူများ
နေထိုင်ရာအရပ်ကို ရွှေတောင်ရပ်။
ဗဒုံမင်းလက်ထက် ထား၀ယ်မှပုန်းကန်သူများကို
နှိမ်းနင်းခဲသော ဒိုင်း၀န်မင်းကြီး၏ တပ်များ တစ်လခန့်
စခန်းချခဲ့သော ကွင်းကို ဒိုင်း၀န်ကွင်း အရပ်ဟု
အမည်နာမများ ခေါ်တွင်ခဲ့ပါသည်။

image