23 w - Translate

Tesla ရဲ့ မောင်းသူမဲ့ကားဝင်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းသူ လူငယ်တစ်ဦး ကွယ်-လွန်

ဖုန်းသုံးနေတဲ့ Tesla ကားပိုင်ရှင်ဟာ မောင်းသူမဲ့စနစ်ကို ဖွင့်ပြီး မောင်းနှင်ရာမှ မော်တော်ဆိုင်ကယ်ကို ဝင်တိုက်ခဲ့တာကြောင့် မော်တော်ဆိုင်ကယ်သမား ကွယ်-လွန်ခဲ့တာပါ။ ဒီယာဉ်တိုက်မှုဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဝါရှင်တန်ပြည်နယ် မော်လ်ဘီမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အသက် ၅၆ နှစ်အရွယ်ရှိ Tesla ကားပိုင်ရှင်ဟာ 2022 Tesla Model S ကို advanced driver assist system ကို ဖွင့်ပြီး ဖုန်းအသုံးပြုရင်း မောင်းနှင်နေစဉ် ကားရဲ့ Auto pilot system က ဆိုင်ကယ်ကို မတွေ့ပဲ အရှိန်နဲ့ အနောက်ကနေ ဝင်တိုက်ခဲ့တာပါ။ ဆိုင်ကယ်သမားဟာ ၂၈ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာမှာတင် ကွယ်-လွန်သွားတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေကတော့ ယာဉ်မောင်းဟာ အရက်သေစာနှင့် မူးယစ်ဆေးသုံးစွဲထားခြင်းမရှိပေမဲ့ ကားလမ်းမပေါ် အာရုံစိုက်ထားခြင်းမရှိပဲ ပေ့ါဆစွာ ကားမောင်းနှင်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။ ယာဉ်မောင်းကိုတော့ ပေါ့ဆစွာ ကားမောင်းနှင်မှုကြောင့် ဖြစ်တဲ့ ယာဉ်တိုက်မှု ((Vehicular Ho_micide) ဖြင့် စွဲချက်တင်ထားပေမဲ့ ဒေါ်လာ ၁ သိန်းအာမခံကြေးပေးဆောင်ပြီးနောက်မှာတော့ ပြန်လွှတ်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း Tesla ကားတွေကို Autopilot နဲ့ မောင်းနှင်ချိန်တွေမှာ မတော်တဆမှုပေါင်း (၁၀၀၀) ကျော်ဖြစ်ပွားခဲ့ပါတယ်။ Tesla အနေနဲ့လည်း Auto pilot မဖွင့်ခင် သတိပေးချက်များကို ပိုမိုထည့်သွင်းဖော်ပြလာခဲ့ပေမဲ့ ကားပိုင်ရှင်တွေဟာ ယုံကြည်မှုလွန်ကဲတဲ့အပြင် ပေါ့ဆလွန်းကြတာကြောင့် အခုလို မတော်တဆမှုတွေ ဆက်လက်ဖြစ်ပွားနေတာပဲဖြစ်ပါတယ်။

image