Rich Kid မဟုတ်တဲ့ လူငယ်အများစုမှာ
အမြဲစိုးရိမ်နေရတဲ့ အရာတစ်ခုရှိတယ် .. ။
အဲတာဟာ မိဘကို ပြည့်ပြည့်စုံစုံ မထားလိုက်နိုင်မှာ၊
တဖန် ပြန်ပြီး လုပ်မကျွေးလိုက်ရမှာကိုပဲ ။
မိဘတွေက တစ်နေ့ထက် တစ်နေ့ အသက်တွေကြီးလာ
ကျန်းမာရေးတွေက ချို့ယွင်းလာ …
ကိုယ်က လုံလုံလောက်လောက် မပြည့်စုံသေး ၊
အလုပ်ကိုင်အတည်တကျနဲ့ ကိုယ်ပိုင် income နဲ့
မိဘကို ကျေးဇူးကမဆပ်ရသေး ။
အဲဒီအခြေနေဟာ တကယ်စိတ်ပင်ပန်းစရာကောင်းတယ် ။
ကိုယ့်အတွက်ဆို မရှိတဲ့ကြားက မဖြစ်ဖြစ်အောင်
ကြိုးစားပေးခဲ့သူတွေ ..
သူတို့လေးတွေကို မပူပန် မကြောင့်ကြပဲ ကောင်းကောင်းမွန်မွန်ထားချင်တယ် ။
သူတို့မရောက်ဖူးတဲ့နေရာတွေ ပို့ပေးချင်တယ် ။
သူတို့စားချင်တာတွေ ဝယ်ကျွေးချင်တယ် ။
အလှူတန်းတွေ လုပ်စေချင်တယ် ။
ဒီအချိန်မှာ ကိုယ့်အတွက် အရေးမကြီးဘူး ။
ကိုယ့်အတွက်ထက် မိဘတွေကို ပိုပြီး လုပ်ပေးလိုက်ချင်တယ်။ ကိုယ်သာဘာမှ လုပ်ပေးနိုင်ခင် တစ်ခုခုဖြစ်သွားရင်ဆိုတဲ့ စိတ်က တစ်ဘဝလုံး ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး ။
ဒီခံစားချက်ကို ပြည့်စုံတဲ့ မိသားစုကလူတွေက မသိပါဘူး ။
ကိုယ့်အလှည့်ရောက်တဲ့အချိန်မှာ မိဘတွေကို
ပြည့်ပြည့်စုံစုံထားချင်သေးတယ် ။
သူတို့ကို ဘာတစ်ခုမှ မပူပန်ပဲ နားစေချင်သေးတယ် ။
မိဘတွေ ရှိတုန်းလေး ကိုယ့်ချွေးနဲစာနဲ့ လိုလေးသေးမရှိအောင် ထားချင်သေးတယ် …. ။
ကိုယ်လုံလုံလောက်လောက် ငွေရှာနိုင်တဲ့အချိန်ထိ မိဘတွေ ကျန်းကျန်းမာမာရှိနေဖို့ အမြဲဆုတောင်းနေရတယ်။
ဒီစိတ်လေးဟာ Rich Kid မဟုတ်တဲ့ လူငယ်လေးတွေမှာ
အပြည့်ရှိတယ် … ။
---
via: Thar Htwe
#crd
