23 w - Translate

ကဲ…အပူလှိုင်းတွေ ထပ်လာပါဦးမယ်တဲ့နော်။ မေလလယ်လောက်ထိကို တော်တော်ပူနေဦးမယ်ဆိုတော့ နွေရာသီရဲ့ အပူဒဏ်ကြားမှာ စာချစ်သူတွေ ကျန်းကျန်းမာမာရှိနေနိုင်ဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကားထဲမှာ ထားခဲ့တာမျိုး လုံးဝမလုပ်ပါနဲ့။

၂။ ကိုယ်အပူချိန်မြင့်တာ၊ အန်တာ၊ အားနည်းတာ၊ ချွေးစီးထွက်တာတွေဖြစ်လာရင် လုံးဝမပေါ့ဆဘဲ ဆေးခန်းသာ ပြပါ။

၃။ လေကောင်းကောင်းရတဲ့၊ အေးမြတဲ့နေရာမျိုးမှာ နေပါ။

၄။ အပူဆုံးအချိန်တွေမှာ အပြင်ထွက်တာကို ရှောင်ပါ။

၅။ ရေများများသောက်ပါ။ ရေဘူးဆောင်တဲ့အကျင့်လုပ်ထားပါ။

၆။ အပြင်ထွက်တိုင်း ဦးထုပ်ဆောင်းပါ။ ထီးဆောင်းပါ။ Sunscreen လိမ်းပါ။

၇။ ပေါ့ပေါ့ပါးပါးရှိပြီး လေဝင်လေထွက်ကောင်းတဲ့ အရောင်ဖျော့ဖျော့အဝတ်အစားလေးတွေ ဝတ်ဆင်ပါ။

image