23 w - Translate

ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ သွင်းဂိုး(၁၀၀)ဂိုးအထက်သွင်းယူထားနိုင်သည့် ကလပ်အသင်းများ

ယခုရာသီ ဥရောပထိပ်တန်းလိဂ်(၅)ခုတွင် ပြိုင်ပွဲစုံ သွင်းဂိုး(၁၀၀)အထက် သွင်းယူထားနိုင်သည့် ကလပ်အသင်း(၈)သင်းအထိရှိနေပြီး ဂိုးအများဆုံးအသင်းအဖြစ် ပရီးမီးယားလိဂ်ကလပ်များဖြစ်ကြသော မန်ချက်စတာစီးတီးအသင်း နဲ့ လီဗာပူးလ်အသင်းက ထိပ်ဆုံးတွင် ဦးဆောင်နေသည်။နည်းပြ ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းဟာ ပြိုင်ပွဲစုံ (၁၃၂)ဂိုးဖြင့် ဦးဆောင်ထားကာ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက သွင်းဂိုး(၁၃၁)ဂိုးဖြင့်နောက်တွင် ရပ်တည်နေသည်။အင်္ဂလိပ်ကလပ်များရဲ့ နောက်တွင် ယခုရာသီ ဘွန်ဒက်စ်လီဂါချန်ပီယံ လေဗာကူဆင်အသင်း (၁၂၅ ဂိုး)၊လက်ရှိပြင်သစ်လိဂ်ချန်ပီယံ ပီအက်စ်ဂျီအသင်း (၁၁၄ ဂိုး)၊ဘိုင်ယန်မြူးနစ်အသင်းက (၁၁၀)ဂိုး၊ရီးရဲလ်မက်ဒရစ်အသင်းက (၁၀၆)ဂိုး၊အာဆင်နယ်အသင်းက (၁၀၄)ဂိုး၊အက်စတွန်ဗီလာအသင်းက (၁၀၁)ဂိုးဖြင့် ရှိနေပြီး လက်ရှိအနေအထား၌ ဂိုး(၁၀၀)အထက် သွင်းယူထားသည့် ကလပ်အသင်း(၈)သင်းအထိ ရှိနေသည်။

image