“ ငါအကြာကြီးရှင်သန်ခဲ့ပြီးပြီ အခုတော့ပျော်ရွှင်မှုအတွက် ဘာလိုအပ်တယ်ဆိုတာကို ငါသိပြီထင်တယ် ကျေးလက်ဒေသရဲ့ လူသူကင်းဝေးပြီးတိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာလေးမှာကောင်းတာလုပ်တတ်သူတွေနဲ့ ကောင်းတာလုပ်ဖို့ကျင့်သားမရသေး သူတွေအတွက် အသုံးဝင်တဲ့လူတစ်ယောက် အဖြစ်နဲ့ပေါ့ ပြီးတော့ဘယ်မျှော်လင့်ချက်မျိုးက အသုံးဝင်မလဲဆိုတာကိုရှာဖွေရင်းနဲ့ပေါ့ "
" အနားယူခြင်းရယ်၊သဘာဝရယ်
စာအုပ်တွေရယ်၊ဂီတသံတွေရယ်
ပတ်ဝန်းကျင်ကအရာတွေကို
ချစ်တတ်တဲ့စိတ်ရယ်
ဒါဟာ ငါရဲ့ပျော်ရွှင်မှုအပေါ်ခံယူချက်ပဲ "
ကျွန်တော်တို့လူအဖွဲ့အစည်းတွေရဲ့ စံနှုန်းတွေ၊ဖိအားတွေကြားထဲ ရုန်းကန်နေရတဲ့ ကျွန်တော်တို့လို လူငယ်တွေအတွက် စိတ်ထွက်ပေါက်တစ်ခုအဖြစ်လို့တောင် တင်စားခံစားထားရတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ခုကို ပြောပြချင်ပါတယ်။လူငယ်တွေကြည့်သင့်တဲ့ ရုပ်ရှင်၊လူတိုင်း ကြည့်သင့်တဲ့ရုပ်ရှင်တွေ ရွေးကြတဲ့အခါ ဒီရုပ်ရှင်လေးက မပါမဖြစ်ပါပဲ။ဒီတော့ ဇာတ်လမ်းက ဘယ်လိုလဲ...ကိုယ်ကိုတိုင်အဖြေရှာကြည့်ဖို့တိုက်တွန်းပါတယ်။

image