ရှမ်းတွေမှာစော်ဘွားမျိုး အမျိုးသားနဲ့ လက်ထပ်လျှင် အမျိုးသမီးဟာ ဘာလူမျိုးပဲဖြစ်ဖြစ် စဝ် အမည်တပ်လို့ရပါတယ် ..။
ခွန်ဆိုတာ မြို့စားမျိုးခေါ်ပါတယ် .. ၊ခွန်ရှေ့မှာ စဝ်အမည်တပ်လို့ရပါတယ် ..။
အရင် မြို့စား ခွန်မျိုးကနေ စော်ဘွားဖြစ်လာရင် စဝ်ခွန် ဖြစ်သွားပါတယ် ။
ဥပမာ စဝ်ခွန်နု
တဘက်မြို့စားကနေ စော်ဘွားဖြစ်လာလို့ပါ ။
နံမည်ကိုကြည့်တာနဲ့ ဘာမျိုးရိုးလည်းဆိုတာ သိနိုင်ပါတယ် ..။
ရှမ်းမှာ (၃) မျိုးပဲရှိပါတယ်..။
တောသူတောင်သားဆိုရင် အိုက် /အီ ..
ကုန်သည် သူဌေး အရပ်သားဆိုရင် စိုင်း /နန်း.
မြို့စားဆိုရင် ခွန်/နန်း..
စော်ဘွားဆိုရင် စဝ် ( ကျား/မ) ဖြစ်ပါတယ် ။
#crd
