5 w - Translate

ပင်လယ်ပြာနှင့်တံငါအို ဖတ်ပြီးချိန် ကျွန်တော်ခေါင်းထဲ ဝင်လာတဲ့ အကြောင်းက စာရေးဆရာ အားရ်နက်စ် ဟဲမင်းဝေး ပါ ။ ဟဲမင်းဝေးကို ချိုပိန်းနောင်ရေးတဲ့ ဆူဆိုက်ကော်ဖီဆိုင်ထဲမှာ သူ့ဘဝအကြောင်း အကျဥ်းချုပ်ကို ပြည့်ပြည့်စုံစုံ ဖတ်ခဲ့ဖူးတယ် ။ သူ့ဘဝဟာလည်း ဇာတ်လမ်းထဲက
အဖိုးအို ဆန်တီယာဂို လိုပဲ ေ-သဘေးနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ယှဥ်ပြိုင်တိုက်ခိုက်လာရတာပါ ။ ဒါကြောင့် ဒီစာအုပ်ဟာ သူ ကျူးဘားကျွန်း နှင့် မြောက်အမေရိကတိုက်တောင်ဘက် မှ ငါးဖမ်းထွက်ရင်း ကြားသိခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ “တစ်ကြိမ်သောအခါက အဘိုးအိုတစ်ဦးသည် တံငါလှေလေး တစ်စင်းဖြင့် ပင်လယ်ထဲသို့ တစ်ကိုယ်တည်း ငါးဖမ်းထွက်ခဲ့ဖူးသည် ။
မာလင်ငါးကြီးတစ်ကောင်ကို ငါးမျှားတွင် ချိတ်မိ၍ ပင်လယ်နက်ထဲသို့ ပါသွားသည် ။ ထိုအချိန်မှ နှစ်ရက်ကြာပြီးနောက် အခြား တံငါတို့သည် အဘိုးအိုအား ကမ်းခြေအရှေ့ဘက် မိုင်ခြောက်ဆယ်ဝေးသောနေရာတွင် သွားတွေ့၍ ပြန်လည် ကူညီခေါ်ဆောင် လာကြရသည် ။ သူ့ကို တွေ့သောအချိန်၌ ငါးကြီး၏ ခေါင်းပိုင်း နှင့် ရင်ပိုင်းအချို့သာ ကျန်တော့သည် ။ သူသည် ငါးကြီးကို လှေနှင့်တွဲ၍ ချည်လာခြင်း ဖြစ်သည် ။ ကြွင်းကျန်သော ငါးကြီး၏ အသားများမှာ ပေါင်ချိန်ရှစ်ရာ ထွက်သည် ။ အဘိုးအိုကြီးသည် ငါးကြီးနှင့်အတူ တစ်နေ့နှင့်တစ်ည ၊ ပြီးတော့ နောက်ထပ် တစ်နေ့ နှင့် တစ်ညမျှ အတူနေရင်း ငါးကြီးဆွဲရာသို့ ပါသွားခဲ့၏ ။
ငါးကြီး ပေါ်လာသောအခါ လှေနားသို့ဆွဲ၍ မှိန်းနှင့်ထိုးပြီး သ၊တ်ခဲ့ခြင်း ဖြစ်သည် ။ ငါးေ-သကောင်ကြီးကို လှေနှင့်တွဲ၍ ချည်လာသောအခါ ငမန်းများနှင့်တွေ့၍ အဘိုးအိုသည် ငမန်းများကို ရှိရာ လက်န၊က်ဖြင့် တစ်ကိုယ်
တည်း တိုက်ခိုက်လာခဲ့သည် ။ တံငါများကသူ့ကို တွေ့သောအချိန်၌ အဘိုးအိုသည် လှေပေါ်တွင် ငိုကြွေးလျက် ရှိပြီး ၊ ငမန်းများမှာလည်း လှေအနီးတွင် ရစ်ဝဲလျက် တွေ့ ရသည်” ဆိုတဲ့ ဇာတ်လမ်းကို ယူပြီး သူဘဝမှာ ကြုံတွေခဲ့ရတဲ့ အရာတွေ ၊ ရင်ဆိုင်ခဲ့တာတွေ ၊ သူ့စိတ်ခံစားချက်တွေကို မာလင်ငါးကြီး ၊ ငမန်းတွေ ၊ ရွက် ၊ ခြင်္သေ့တွေ နဲ့ သူ့အကြောင်းအားလုံးကို ဇာတ်လမ်းဆင်ပြီး ပြောပြသွားတာလို့ ခံစားမိပါတယ် ။
ဒါတွေကို ဖတ်ပြီးတဲ့ နောက်မှာ ကျွန်တော် တွေးမိလာတာက အဖိုးကြီး ဆန်တီယာဂို ဆိုတာ ဟဲမင်းဝေးပဲ ။ အဖာရာ ဗလပွနဲ့ ရွက်ဖျင်ဟာ သူ့ စိတ်အခြေအနေပဲ ။ လူငယ်လေး မာနိုလင်ဟာလည်း တချိန်တုန်းက ဟဲမင်းဝေးပဲ ။ သူဟာ သန်တုန်း ၊ မြန်တုန်း အရွယ်ငယ်ဘဝကို ခနခန ပြန်တမ်းတနေတာကို တွေ့ရတယ် ။ ခြင်္သေ့တွေကို အိပ်မက်မက်တာလည်း မထူးဆန်းဘူး ။ သူက အာဖရိကကို အရမ်းသဘောကျတာ ။ အမဲပစ်ဖို့အတွက်ရော ၊ အနားယူဖို့အတွက်ပါ အကြိမ်ကြိမ် သွားရောက်ခဲ့တာ ။
သူပင်ပန်းနေပြီ ၊ အနားယူချင်နေပြီ ။ ဒါကြောင့်ပဲ
သူ့တဲစုတ်လေးက သတင်းစာ ဖြန့်ခင်းထားတဲ့ ကုတင်လေးကို သတိရနေတာ ။ ခြင်္သေ့တွေကို အိပ်မက်မက်နေတာ ။အဖိုးအိုဟာ ခေါင်းခနခန မူးနေတယ် ၊ သူလည်း အဲ့ဝေဒနာကို ခံစားနေရတာပဲ ။ ပင်လယ်ဟာ သူ့ဘဝပဲ ၊ သူ့ဖမ်းမိတဲ့ ငါးကြီးဟာ သူ့အနုပညာပဲ ။ သူရင်ဆိုင်ခဲ့တဲ့ ငါးမန်းတွေဟာ သူ့ကျော်ဖြတ်ခဲ့ရတဲ့ ကိုယ်စိတ်ဒဏ်ရာတွေပဲ ။ ဒီစာအုပ်မတိုင်ခင် ရေးခဲ့တဲ့ ဝတ္ထုမှာ စာဖတ်သူအများစုရဲ့ အဆိုးမြင်တဲ့ မှတ်ချက်တွေ ၊ ဝေဖန်မူတွေသာ ရခဲ့တာ ။ ဒါကြောင့် သူဟာ ချက်ချင်းဆိုသလို ဒီ The Old Man And The Sea ကို နှစ်လနဲ့ ရေးခဲ့တာဖြစ်တယ် ။ အဖာ ဗလပွ နဲ့ရွက်ဖျင်ကို ဘာလို့ သူစိတ်ဒဏ်ရာတွေလို့တွေးမိလည်း အဖိုးအို ဆန်တီယာဂို ကမ်းခြေကို ပြန်ရောက်တော့ ရွက်တိုင်ကိုနုတ်ပြီး ရွက်ကိုလိပ် ပုခုံးပေါ်ထမ်းပြီး သူ့အိမ်ဆီ ပြန်လာခဲ့တယ် ။ သူ ဘယ်လောက်ပင်ပန်းနေပြီဆိုတာ သူ့ကိုယ်သူ သိတယ် ။ ကုန်းထိပ်တစ်ခုအရောက်မှာ မှောက်လျက်လဲတဲ့အခါ ရွက်လိပ်ကြီးပိပြီး အတန်ကြာမထနိုင်ဘဲ ရှိနေပြန်တယ် ။
ကြောင်တစ်ကောင် ခပ်ဝေးဝေးတွင် သွားနေသည်ကို အဘိုးအိုသည် ငေးကြည့်နေမိသည် (ဟဲမင်းဝေး ဟာ အလွန်ကြောင်ချစ်သူ တစ်ယောက်ဖြစ်တာကြောင့် သူ့အိမ်မှာ ဒါဇင်နဲ့ ချီတဲ့ ကြောင်တွေကို မွေးမြူထားတယ်)နောက်ဆုံးတွင် ရွက်တိုင်လိပ်ကို ပခုံးပေါ်တင်ပြီး သူ့တဲ့ဆီထွက်လာသည်။ သူ့တဲ့ဆီ မရောက်မီ လမ်းမှာ ငါးခါ တိတိ နားခဲ့လေးသည် လို့ ရေးထားတယ်။ သူဘယ်လောက်ပဲ စိတ်ဓာတ်ကျကျ မရပ်ခဲ့ဘူး အမြဲ ပြန်ထခဲ့တာပဲ။တဲအတွင်းသို့ ရောက်သောအခါ သူသည် ရွက်လိပ်ကို တဲ့နံရံတွင် ထောင်ထားလိုက်သည် ။
အဘိုးအို ဆန်တီယာဂို(သို့)လူငယ်လေး မနိုလင်(သို့)
အာရ်နက်စ်ဟဲမင်းဝေးဟာ အချိန်ရဲ့ တိုက်စားခြင်းကြောင့် အရိုးသာ ကျန်နေခဲ့ပေမယ့် အဖိုးအို ဖမ်းမိခဲ့တဲ့ ငါးကြီးအကြောင်း ၊ ဟဲမင်းဝေး ရဲ့ အနုပညာအကြောင်းကတော့ နောက် ရာစုနှစ် တစ်ခုကြာအောင် လူတွေ ပြောနေကြအုန်းမှာ အသေအချာပါပဲ ။ (ကျွန်တော်တို့ ကြုံနေရတဲ့ လောကဒဏ်ဆိုတာ အဘိုးကြီး ဆန်တီယာဂို(သို့)ဟဲမင်းဝေးတို့
ရင်ဆိုင်ခဲ့ရတာနဲ့ ယှဥ်ရင် ဘောင်တောင်မဝင်သေးပါဘူး ၊ကျွန်တော်တို့ရဲ့ ရွက်တွေကို ဖွင့်ထားဖို့ လိုတယ်ဆိုတာ ဒီစာအုပ်ပါးလေးက ပြောပြနေတာ အသေအချာပါပဲ ။
Review by -TigerLily
(လေးစားစွာcrdပေးပါသည်)
#ပင်လယ်ပြာနှင့်တံငါအို #မောင်ဆုရှင်

image