23 w - Translate

ပရီးမီးယားလိဂ်မှာ ပွဲ(၅၀)%ကို Clean Sheet ရယူနိုင်ခဲ့တဲ့ စပိန်ဂိုးသမား ရိုင်ယာ

အာဆင်နယ်အသင်း၏ စပိန်ဂိုးသမား ဒါးဗစ် ရိုင်ယာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သူပါဝင်ကစားသောပွဲများ၏ ထက်ဝက်အရေအတွက်ကို ဂိုးမပေးခဲ့ရဘဲ Clean Sheet များ ရယူနိုင်ခဲ့သည်။ ပြီးခဲသည့် လန်ဒန်ဒါဘီအဖြစ် ချယ်လ်ဆီးနဲ့ ကစားခဲ့သည့် ပွဲစဉ်တွင် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ရိုင်ယာ၏ (၂၈)ပွဲမြောက် ပရီးမီးယားလိဂ်ပွဲဖြစ်ပြီး ယင်းပွဲ၌ (၁၄)ပွဲမြောက်ပရီးမီးယားလိဂ် Clean Sheet ကို ရယူနိုင်ခဲ့သည်။ရိုင်ယာအနေဖြင့် အာဆင်နယ်အသင်းအတွက် သူပါဝင်ကစားသော ပရီးမီးယားလိဂ်ပွဲ(၅၀)% ကို ဂိုးမပေးခဲ့ရဘဲ Clean Sheet များ ရယူနိုင်ခဲ့သလို၊ လက်ရှိရာသီ ပရီးမီးယားလိဂ် Clean Sheet အများဆုံးဂိုးသမားအဖြစ်လည်း ထိပ်ဆုံးတွင်ဦးဆောင်ကာ ရာသီကုန်တွင် ရွှေလက်အိတ်ဆုရရှိရန် ရေပန်းစားနေသည်။ပြီးခဲ့သည့်ရာသီက ရွှေလက်အိတ်ဆုရယူခဲ့သည့် မန်ယူနိုက်တက်ဂိုးသမား ဒီဟေးယားမှာ Clean Sheet (၁၇)ပွဲအထိရယူနိုင်ခဲ့သည်။ရွှေလက်အိတ်ဆုရယူခဲ့သည့်ဂိုးသမားများထဲတွင် Clean Sheet စံချိန်တင်ရယူခဲ့သူမှာ ၂၀၀၄-၀၅ ရာသီက ဆွတ်ခူးခဲ့သည့် ချယ်လ်ဆီးဂိုးသမား ပီတာချက်ဖြစ်ပြီး Clean Sheet(၂၄)ပွဲအထိ ရယူနိုင်ခဲ့သည်။

image