7 ပတ် - ဘာသာပြန်ပါ။

Katy Perry အာကာသကို အလည်သွားမည်
=========================
အနာဂတ်မှာ လူသားတွေ အာကာသကို လည်ပတ်မှု များပြားလာတော့မှာ ဖြစ်ပါတယ်။ အခုဆိုရင် ဆယ်လီတွေနဲ့ ငွေကြေးချမ်းသာသူတွေဟာ အာကာသကို အလည်သွားနေကြပါပြီ။
အာကာသကို အလည်သွားမယ့် နောက်ထပ် ဆယ်လီ တစ်ယောက်က ကမ္ဘာကျော် ပေါ့ အဆိုတော် Katy Perry ဖြစ်ပါတယ်။ Blue Origin ရဲ့ Shepard ဒုံးပျံနဲ့ အာကာသကို သွားရောက်မှာ ဖြစ်ပါတယ်။ သွားမယ့်နေ့ကို Blue Origin က မပြောသေးဘဲ နွေဦးရာသီမှာ သွားမယ်လို့ပဲ ပြောထားပါတယ်။ Katy Perry ဟာ ဧပြီလ ၂၃ ရက်နေ့ကနေ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ Lifetimes Tour ကို ဖျော်ဖြေမှာ ဖြစ်တဲ့အတွက် အာကာသ ခရီးစဉ်ဟာ အဲဒီမတိုင်ခင် ဖြစ်နိုင်ပါတယ်။
ထူးခြားတာက ဒီ ခရီးစဉ်မှာ အမျိုးသမီးတွေပဲ လိုက်ပါမှာ ဖြစ်ပါတယ်။ Katy Perry နဲ့အတူ Blue Origin ပိုင်ရှင် Jeff Bezos နဲ့ စေ့စပ်ထားသူ Lauren Sanchez, CBS ရုပ်သံတင်ဆက်သူ Gayle King, ယခင် နာဆာ ဒုံးပျံ သိပ္ပံပညာရှင် Aisha Bowe , လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ Amanda Nguyen နဲ့ ရုပ်ရှင်ထုတ်လုပ်သူ Kerianne Flynn တို့ လိုက်ပါကြမှာ ဖြစ်ပါတယ်။
Ref : The Verge

image