23 w - Translate

Tik Tok ကို US ကနေတရားဝင် Ban ဖို့ Biden လက်မှတ်ထိုးလိုက်ပြီ

Tik Tok ကိုအနောက်နိုင်ငံတွေက တရားတွေစွဲ၊ ခုံရုံးကြားနားမှုတွေလုပ်နေတာ အားလုံးသိကြမှာပါ။ ခုနောက်ပိုင်း ခပ်စိတ်စိတ်ဖြစ်လာတဲ့ ဒီအဖြစ်အပျက်တွေနောက်မှာတော့ အမေရိကန် လွှတ်တော်က အမတ်တွေက Tik Tok ကို US ကနေ တရားဝင် Ban ဖို့အတွက် ပြီးခဲ့တဲ့ လပိုင်းကတည်းက အဆိုတင်သွင်းခဲ့ပါတယ်။ ခုတော့ သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးပြီး အဆိုတင်သွင်းတာကို အတည်ပြုလိုက်တဲ့အတွက် ၁ နှစ်အတွင်း Tik Tok ကို တရုတ်မဟုတ်တဲ့ ကုမ္ပဏီတစ်ခုကို ရောင်းချပြီး Divest မလုပ်ရင် US ကနေ Ban တော့မယ်ဆိုတာဟာ ဥပဒေဖြစ်သွားပါပြီ။

ဒီလိုလုပ်လိုက်မယ်ဆိုရင် US က Content Creator တွေဟာ YouTube Short နဲ့ Instagram Reels တွေဖက်ကို ကူးသွားမယ်လို့ US က Digital Marketing သမားတွေကခန့်မှန်းထားကြပြီး တစ်ချို့လည်း ဒီ ဥပဒေဟာ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပထမဆုံးအချက်ဖြစ်တဲ့ လွှတ်လပ်စွာ ထုတ်ဖော်ရေးသားပိုင်ခွင့်ကို အစိုးရက ချိုးဖောက်နေတယ်လို့ဆိုပြီး တရားရင်ဆိုင်ဖို့ Tik Tok ကိုတွန်းအားပေးနေပါတယ်။

"ရယ်စရာကောင်းတာက Tik Tok က Data တွေခိုးမခိုးဆိုတာ မသေချာပေမယ့်၊ Facebook, Google တို့ကတော့ အစိုးရတွေအတွက် Data တွေခိုးပေးနေတာ အသိသာကြီးပါ" ဆိုပြီး အသုံးပြုသူတွေက မှတ်ချက်ပေးနေေပါတယ်။

image