7 w - Translate

တွေ့ဆုံသမျှတွေက
ခွဲခွာရဖို့အတွက်သာ ဖြစ်တယ် ။
ဝေနေသမျှတွေက
ကြွေကျဖို့အတွက်သာ ဖြစ်တယ် ။
ဖြစ်လာသမျှတွေက
ပျက်ကြဖို့အတွက်သာ ဖြစ်တယ် ။
သစ်နေသမျှတွေက
ဟောင်းဖို့အတွက်သာ ဖြစ်တယ် ။
သန်မာနေသမျှတွေက
ယိုင်လဲဖို့အတွက်သာ ဖြစ်တယ် ။
မှားယွင်းမှုတွေက
ပြုပြင်သင်ခန်းစာယူဖို့သာ ဖြစ်တယ် ။
မှန်ကန်မှုတွေက
သိပြီးကျင့်ဖို့အတွက်သာ ဖြစ်တယ် ။
မကောင်းမှုတွေက
ဆင်းရဲဖို့အတွက်သာ ဖြစ်တယ် ။
ကောင်းမှုတွေက
ချမ်းသာဖို့အတွက်သာ ဖြစ်တယ် ။
ခန္ဓာရလာခြင်းက
အိုနာသေဖို့အတွက်သာ ဖြစ်တယ် ။
စိတ်ကောင်းလေးတွေက
ဘ၀ကောင်းဖို့အတွက်သာ ဖြစ်တယ် ။
မတည်မြဲတာတွေမှာ စွဲလန်းနေမိရင်
စွန့်လွှတ်ခွဲခွာဖို့ဟာ ခက်နိုင်ပါတယ် ။
#သာရဂဝသေီ

image