24 w - Translate

ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့၏ အိမ်တွေ
မွာ မြတ်စွာဘုရားကို သောက်တော်ရေချမ်း
ကပ်ကြပါသည်။ရေတော်ကပ်ရာမှာ
မိမိတို့ ကြည်ညိုသလို သဒ်ဓါတရားအလိုကျ
ခံယူချက်အတိုင်း
၁ ခွက်၊၃ ခွက်၊၅ ခွက်၊၇ ခွက်၊ ၉ ခွက်၊
၁၀ ခွက်၊၁၁ ခွက် စသည်ဖြင့် ရေတော်ခွက်
အရေအတွက် ကွဲပြားပါသည်။

နည်းနည်းကပ်လို့ အပြစ်မရှိသလို၊များများကပ်လို့
လည်း ရပါတယ်။မိမိကိုယ်ပိုင် စဉ်းစားမိတာ
တစ်ခုအနေနဲ့ကတော့ မိမိအိမ်ကိုဖြစ်စေ၊အပြင်၌
ဖြစ်စေ ရဟန်းသံဃာတော်တစ်ပါး ( သို့ ) ဧည့်သည်
မိတ်ဆွေ တစ်ယောက်အနေဖြင့် လာရောက်ရင်
ဦးစြာပထမ သောက်ရေဖြစ်စေ၊လက်ဖက်ရည်၊
ကော်ဖီ၊အအေးဖြစ်စေ ကပ်ရာ၊တိုက်ရာ၌
ခွက်အရေအတွက်အားဖြင့် တစ္ခြက္သာ
တိုက္တာကို တွေ့ရမှာပါ။ဒါကလည်း သဘာဝက်
ပါတယ်။လူတစ်ယောက်လာလို့ ရေခွက်ကို
သုံး လေးခွက် တိုက္တာဆိုတာ အလွန်မရှိသလောက်
ရှားပါးပါလိမ့်မယ်။သောက်သုံးသူလည်း တစ္ခြက္သာ
သောက်သုံးပါမည်။

ထို့အတူစြာပဲ မိမိတို့က
မြတ်စွာဘုရားကို သက်တော်ထင်ရှားအလား
ထင်မှတ်ပူဇော်ကြသည့်နေရာမှာလည်း
သက်တော်ရေကို ကောင်းကောင်းမွန်မွန်
သန့်သန့်ပြန့်ပြန့် တစ်ဦးစာ ဘုဉ်းပေးနိုင်လောက်
သည်အထိ သက်တော်ရေ ခွက်မျိုးနှင့်သာ
ရိုသေစွာကပ်လှူမည်ဆိုပါက အလွန် ကောင်းမွန်
သင့်မြတ်လှမည်ဟု ထင်မြင်မိပါသည်။

တချို့ကျတော့ သောက်တော်ရေ ခြက္ကေလးက
တစ်ပါးစာ မဝရုံ ခွက်ရေများရင်ပြီးရော
တစ်လက်မလောက် အရွယ်
ခွက်အမျိုးအစားနဲ့ကပ်ခြင်း၊
ကော်ခွက်တွေဖြင့်ကပ်ခြင်းဟာ မြတ်စွာဘုရားရဲ့
ဂုဏ်တော်ကြီးနှင့်ဆိုရင် အလွန်မှ မတင့်တယ်
လှပါဘူး။

မိမိတို့တန်ဖိုးထား လေးစားကြည်ညိုသည့်
အတူမရွိ အတုမရွိ မြတ်စွာဘုရားကို
သောက်တော်ရေချမ်း ကပ်လှူကြမယ်ဆိုရင်ဖြင့်
တစ်ပါးစာ ဝမည့်ရေတော်ခွက်အရွယ်ဖြင့်
လည်းကောင်း၊သန်ပြန့်စင်ကြယ်သော
ဖန်ရေတော်ခွက်ဖြင့်လည်းကောင်း၊
သက်တော်ထင်ရှား မြတ်စွာဘုရား
ကိုယ်တော်တစ်ပါးစာအတိုင်း
တစ်ခွက်ကြီးကြီးဖြင့်လည်းကောင်း ကပ်လှူ
ပူဇော်ကြမည်ဆိုရင် မိမိတို့ စိတ်၌ သမာဓိတည်ကြည်
ပြီး ပို၍တိုး၍ မြတ်စွာဘုရားကို ကြည်ညိုပူဇော်
ကြရမည်ဖြစ်ပါသည်။

နောက်တစ်မျိုးက သောက်တော်ရေကပ်လှူ
ရာမွာ ခွက်များကို အဖုံးမပါပဲ ကပ်လှူကြပါသည်။
အဖုံးမပါပဲ ကပ်လို့မရဘူးလား မေးစရာရှိပါသည်။
ကပ်လို့ရပါသည်။ သို့သော် မိမိတို့ကပ်လှူ
ထားသော ရေတော်ခွက်များသည့် တစ်နေလုံး
ဒီအတိုင်း ဟာလာဟင်းလင်း ဘုရားကျောင်းဆောင်
၌ တင်ထားသည့်အတွက်ကြောင့် အချိန်ကြာလာ
သည့်နှင့်အမျှ ရေ၏ မျက်နှာပြင်မှာ ဖုန္မ်ား
ပြင်လိုက် အပြည့်ရှိနေပါပြီ။ထိုရေကို မြတ်စွာဘုရား
ဘုဉ်းဖို့ရန်လည်း မသင့်မြတ်သလို၊မိမိတို့ ဆေးအဖြစ်၊
အန္တရာယ်ကင်းရေအဖြစ် ပြန်လည် စွန့်ပြီး
သောက်ရန်လည်း မကောင်းတော့ပါ။

ထိုကြောင့် ဘုရားသောက်တော်ရေခွက်ကို
ကပ်လှူရာမှာ အဖုံးပါသော ရေတော်ခွက်မျာဖြင့်
ကပ်လှူထားမည်ဆိုလျှင် မြတ်စွာဘုရားကို
တစ်နေကုန် ကပ်လှူထားရာ၌ အဆင်ပြေသလို
မိမိတို့ ပြန်လည် စွန့်ပြီး အန္တရာယ်ကင်းရေအဖြစ်၊
ဆေးအဖြစ် ပြန်လည် သောက်သုံးလို့ ရသွားပါမည်။

အဖုံးနဲ့ကပ်တော့ မြတ်စွာဘုရား ဘယ်လိုဘုဉ်း
မလဲ လို့တော့ ဇောတက မတက်စေလို့ပါဘူး။
တကယ်တမ်းလည်း မြတ်စွာဘုရား
မဘုဉ်းနိုင်ပါဘူး။ပရိနိဗ္ဗာန်စံဝင်သွားပြီး
ဖြစ်သော်လည်း မိမိတို့က ကွညျညိုသဒ်ဓါတရား
ပူဇော်နေကြတာဖြစ်ပါသည်။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဆိုရင်
ဆရာတော်ဘုရားကြီး ကျောင်းဆောင်၌
ပူဇော်ထားသော ဗုဒ္ဓရုပ်ပွားတော်ရှေ့၌
အဖုံးပါသော ဖန်သောက်တော်ရေခွက်
တစ္ခြက္သာ ကပ်လှူထားသည်ကို မြင်တွေ့
ရမွာ ဖြစ်ပါသည်

image