7 w - Translate

၆၂၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး ၁၁ မိနစ်အတွင်း ၁၀ ကနေ ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တဲ့ Xiaomi SU7 Ultra လာပြီ
==============================================================

Xiaomi က တရုတ်မှာ SU7 Ultra ကို ကြေညာလိုက်ပြီး စွမ်းရည်မြင့် Sedan EV ကား ဖြစ်ပါတယ်။ အားအပြည့်သွင်းထားရင် ၆၂၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး ၁၁ မိနစ်အတွင်း ၁၀ ကနေ ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

၁.၉၈ စက္ကန့်အတွင်း တစ်နာရီ ၀ ကနေ ၁၀၀ ကီလိုမီတာ အထိ အရှိန်မြှင့်နိုင်ပါတယ်။ အမြန်ဆုံးနှုန်းက တစ်နာရီကို ၃၅၀ ကီလိုမီတာ ဖြစ်ပြီး အမြန်ဆုံး တံခါး ၄ ပေါက် ကား ဖြစ်လာပါတယ်။

AI နည်းပညာသုံးထားတဲ့ အလိုအလျှောက် မောင်းနှင်တဲ့ စနစ် နဲ့ စမတ် ကိရိယာတွေနဲ့ ချိတ်ဆက်သုံးနိုင်တဲ့ စွမ်းရည်တွေ ပါတဲ့ Xiaomi HyperOS ထည့်သွင်းထားပါတယ်။ Xiaomi Pilot System က ကားလမ်းကြောင်း ပြောင်းတာ၊ အချိန်ပြည့် Navigation ကို ပြသပေးတာနဲ့ ဉာဏ်ရည်မြင့် ပါကင်ထိုးတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။ Surround Sound System နဲ့ Active Noise Cancellation ပါတဲ့ စပီကာ ၂၅ လုံးက အရမ်းမိုက်တဲ့ အသံအရည်အသွေးကို ထုတ်လုပ်ပေးနိုင်ပါတယ်။

Obsidian Black, Pearl White, Space Silver, Parrot Green နဲ့ Lightning Yellow ၅ ရောင်ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ ၅၂၉,၀၀၀ ယွမ် (၇၂,၉၈၈ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Ref : Theverge

image
image
image