Part-1
🌟တစ်ပတ်တာသင်္ချာဗေဒဟောကိန်း🌟
(၁)ဂဏန်းသမားများ ( ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်မွေးသူများ)
ဒီရက်ဖွားများအနေနဲ့ယခုလတ်တလောတွင်စိတ်ဖိစီးမှုများနေတတ်ပြီး အတွေးများရတတ်ပါတယ်။စီးပွားရေးနှင့်ငွေကြေးကံအသင့်အတင့်ရှိပြီးထွက်ငွေများနေတတ်သောကြောင့်သုံးစွဲမှုကိုချင့်ချိန်ရပါလိမ့်မယ်။လုပ်ငန်းရှင်များအနေနဲ့ နှောင့်နှေးမှုများကြောင့်စိတ်ရှုပ်ရတတ်ပါတယ်။ပညာရေးကံကောင်းမွန်ပြီးမိတ်ဆွေသူငယ်ချင်းများကောင်းများရရှိခြင်း၊ အခွင့်အလမ်းသစ်များရခြင်းစသောကောင်းမွန်မှုများနှင့်ကြုံတွေ့ရနိုင်ပါတယ်။ကျန်းမာရေး အနေနဲ့အာရုံကြောနှင့်ပါတ်သက်သောရောဂါများသတိပြုရပါမယ်။
အချစ်ရေးနှင့်ပါတ်သက်၍စကားများရတတ်ပြီးစိတ်အတက်အကျများရပါလိမ့်မယ်။ single တွေကတော့ ကံကောင်းပါလိမ့်မယ်။
(၂) ဂဏန်းသမားများ ( ၂၊ ၁၁၊ ၂၀၊ ၂၉) ရက်မွေးသူများ
စီးပွားရေး နှင့်ငွေကြေးအသင့်အတင့်လည်ပတ်မှုရှိပြီး မထင်မှတ်ပဲငွေကြေးရရှိတာမျိုးရှိတတ်ပါတယ်။ပညာရေးအနေဖြင့်မစိတ်အာရုံပိုမိုစူးစိုက်ရန်နှင့် မိမိကိုယ်ပိုင်သင်ယူေလ့လာမှုကိုအားစိုက်ရန်လိုအပ်ပါလိမ့်မယ်။ကျန်းမာရေး အနေဖြင့် ကိုယ်လက်ကိုက်ခဲနာကျင်ခြင်းများဖြစ်တတ်ပါတယ်။အချစ်ရေးအနေဖြင့်စကားများရတာမျိုးများပြီးမထင်မှတ်ထားသောအကြောင်းအရာများကြောင့်အဆင်မေပြဖြစ်ရတတ်ပါတယ်။
(၃) ဂဏန်းသမားများ ( ၃၊ ၁၂၊ ၂၁၊ ၃၀) ရက်မွေးသူများ
ဒီရက်ပိုင်းအနေနဲ့ မထင်မှတ်ထားသောလက်ဆောင်များရရှိလာပါလိမ့်မယ်။စီးပွားရေး နှင့်ငွေကြေးကံအတက်အကျရှိပြီး ပုံမှန်ဝငိငွေများရရှိပါလိမ့်မယ်။ပညာရေးကံကောင်းမွန်ပြီးပညာဘာသာစကားနှင့် ပညာရပ်အသစ်များဆည်းပူးလေ့လာရန်သင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေနဲ့ခါးအထက်ပိုင်းဆိုင်ရာရောဂါများသတိပြုရန်လိုပါမယ်။အချစ်ရေးမှာတော့အသေးအဖွဲအထင်လွဲမှုလေးများကစပြီးစကားများရတတ်သောကြောင့် မိမိစိတ်ကိုထိန်းချုပ်နိုင်ရနိလိုအပ်ပါလိမ့်မယ်။
(၄)ဂဏန်းသမားများ (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးသူများ
စီးပွားရေး နှင့်ငွေကြေးအသင့်အတင့်ရှိပြီး စီးပွားရေးပိုင်ဆိုင်ရာတွင်အခက်အခဲအနည်းငယ်ကြုံရတတ်ပါတယ်။ ပညာရေးကံကောင်းပြီးအခွင့်အရေးကောင်းများရရှိနိုင်ပါမည်။နိုင်ငံခြားဘာသာနှင့်ပက်သက်၍အဆင်ပြေပါလိမ့်မည်။ကျန်းမာရေး အနေဖြင့်ခါးအောက်ပိုင်းဆိုင်ရာရောဂါများသတိပြုရပါမည်။အချစ်ရေးတွင်စကားအပြောအဆိုသတိပြုပါငအဆင်ပြေပါလိမ့်မယ်။
(၅) ဂဏန်းသမားများ (၅၊ ၁၄၊ ၂၃) ရက်မွေးသူများ
လတ်တလောတွင်စိတ်ပိုင်းဆိုင်ရာဖိစီးမှုများပြီးပင်ပန်းရပါလိမ့်မယ်။စီးပွားရေး ကံ အသင့်အတင့်ရှိသော်လည်း အရာရာနှောင့်နှေးနေတတ်ပါတယ်။မိမိရရှိသောဝင်ငွေထက်လုပ်အားပိုရပါလိမ့်မယ်။ပညာရေးတွင်အခုကာလအတွင်းအသစ်အသစ်သောကိတ်စများနှင့် တစ်ခုခုအတွက်လျှောက်ထားခြင်းများကိုစောင့်ဆိုင်းသင့်ပါတယ်။ကျန်းမာရေး အနေနဲ့အာရုံကြောဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးတွင် ပြိုင်ဆိုင်သူများသောကြောင့် နားလည်မှုလွဲခြင်းများဖြစ်တတ်ပြီးငြင်းခုန်ရတတ်ပါတယ်။
#tarotqueen