8 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြန်မာလုပ်သားများ တရားဝင်ခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ၃၆၉ ခုဖြင့် ဂျပန်ကုမ္ပဏီများကမ်းလှမ်းထား

မြန်မာလုပ်သားများအား တရားဝင်ခေါ်ယူရန် ဂျပန်ကုမ္ပဏီများမှ အလုပ်ကမ်းလှမ်းစာ ၃၆၉ ခုဖြင့်ကမ်းလှမ်းထားကြောင်း၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသိရသည်။

Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်အထိ လက်ခံရရှိပြီး စိစစ်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကြာသေးမီက ဂျပန်ကုမ္ပဏီ ၃၂၅ ခုက မြန်မာလုပ်သား ၁၁ဝဝ ကျော် ခေါ်ယူရန်အတွက် အလုပ်ကမ်းလှမ်းစာ ပေးပို့ခဲ့ပြီးတိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီး ဌာနမှပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို စိစစ် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့်စက်ရုံ၊ ကုမ္ပဏီများအနေဖြင့် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်းရှိ မရှိ၊ စာရွက်စာတမ်းအထောက်အထားများအား စိစစ်ပြီးတွေ့ရှိရ သည့် စိစစ်တွေ့ရှိချက်၊ သဘောထား မှတ်ချက်တို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့နေကြောင်း သိရသည်။

ဇန်နဝါရီ ၃၁ ရက်ကလည်း ဂျပန်ကုမ္ပဏီ ၄၅ဝ ကျော်တို့က မြန်မာအလုပ်သမား အမျိုးသား ၃၁ဝ ကျော်၊ အမျိုးသမီး ၁၁ဝဝ ကျော် စုစုပေါင်း အလုပ်သမားဦးရေ ၁၅၀၀ ကျော်ခေါ်ယူရန် အလုပ်ကမ်းလှမ်းစာပေးပို့ခဲ့ကြောင်း သိရသည်။

image