Supernatural မှာ Sam Winchester က အဓိကဇာတ်ကောင်လား


ဒီကနေ့မှာတော့ Supernatural ဟာ Winchester ညီနောင်ထဲက Sam ကို အဓိကဦးတည်ထားတယ်ဆိုတာကိုပြသမယ့် အကြောင်းအရာတချို့ကို ကောက်နှုတ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။
Supernatural ရဲ့ ပထမဆုံးအပိုင်းကနေ Season 5 အထိ ဇာတ်လမ်းတစ်ခုလုံးဟာ Sam Winchester ရဲ့ ရုန်းကန်ကြိုးစားရမှုတွေ၊ Sam ရဲ့ ရည်းစားအသတ်ခံရတာကနေ Sam ဟာ Yellow Eyes Demon ရဲ့ လက်ရွေးစင်အဖြစ်သတ်မှတ်ခံရပုံတွေ၊ Sam ရဲ့ ရှုထောင့်ကို ပိုမိုအသားပေးပြသမှုတွေကိုပဲတွေ့ခဲ့ရပါတယ်။ (သို့ပေမယ့် Season 4 နဲ့ Season 9 တွေမှာ Dean Winchester ကိုပဲ အဓိကဦးစားပေးကာ Sam ကို အရန်သဘောမျိုးအသုံးပြုထားတာကိုလည်း သတိထားဖို့လိုပါတယ်)
Sam နဲ့ Dean ကို လေ့လာကြည့်တဲ့အခါမှာ Sam တစ်ခုခုကြုံရတိုင်း Dean က Sam အတွက်ရှိနေပေးသလို Sam ကလည်း Dean အတွက်ဆိုရင် ဘာမဆိုလုပ်ပေးမယ့် ညီကောင်းတစ်ယောက်ဖြစ်ပါတယ်။ သို့ပေမယ့် ကမ္ဘာတစ်ခုလုံးရဲ့အရေးကိစ္စနဲ့ မိသားစုအရေးယှဥ်လာတဲ့အခါမှာ Dean က မိသားစုကိုပိုမိုဦးစားပေးထားတာကိုတွေ့ရပေမယ့် Sam ကတော့ ဟီးရိုးတစ်ယောက်ရှိသင့်တဲ့အချက်အလက်တွေနဲ့ ပိုမိုကိုက်ညီနေတာကိုတွေ့ရပါတယ်။ (သို့ပေမယ့် မတူညီတဲ့ရှုထောင့်ကနေ ကြည့်ရှုမယ်ဆိုရင်တော့ Dean ဟာ Sam ထက် ပိုပြီးရင့်ကျက်သလို မိသားစုကိုတန်ဖိုးထားတဲ့အစ်ကိုကြီးအနေနဲ့တွေ့ရပါတယ်)
သိသာတဲ့အချက်တစ်ခုကတော့ Dean ရဲ့ ဇာတ်ကောင်စရိုက် ဟာ Supernatural တစ်လျှောက်လုံးမှာ ပုံစံမပျက် တွေ့ရပေမယ့် Sam ကတော့ Season ကြာလာလေလေ ပြောင်းလဲမှုတွေပိုမိုဖြစ်ပေါ်လာလေလေဖြစ်လာပြီး အတွေ့အကြုံရင့်ကျက်ထက်သန်လာတာကိုတွေ့ရပါတယ်။
Apocalypsed World က လူတွေကိုခေါ်လာပြီး hunter ကွန်ယက်တစ်ခု တည်ဆောက်တဲ့အခါမှာလည်း Sam ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ စီမံခန့်ခွဲနိုင်တာကိုပြခဲ့တာကလည်း Sam ဟာ အဓိကဇာတ်ကောင်တစ်ယောက်ဆိုတာကို သွယ်ဝိုက်နည်းနဲ့ပြသခဲ့တယ်လို့မှတ်ယူပါတယ်။
အဓိပ္ပါယ်မရှိတဲ့အမြင်ကနေကြည့်ရှုသုံးသပ်မယ်ဆိုရင် Final Season မှာ Sam ဟာ အသက်ရှင်ကျန်ရစ်နိုင်ခဲ့တာကလည်း Sam ကို အဓိကဇာတ်ကောင်တစ်ယောက်ဆိုတာကို သွယ်ဝိုက်နည်းနဲ့ပြသခဲ့တယ်လို့မှတ်ယူပါတယ်။
မည်သို့ပင်ဆိုစေကာမူ Supernatural ပရိသတ်တစ်ယောက်ရဲ့အမြင်မှာ Supernatural မှာ Sam ရော၊ Dean ဟာ အဓိကဇာတ်ကောင်တွေဖြစ်ကြပြီး ညီအစ်ကိုသံယောစဥ်ရဲ့စစ်မှန်မှုနဲ့ ချစ်ခြင်းမေတ္တာကိုပြသနိုင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုအဖြစ် အမြဲမှတ်ယူထားပါတယ်။

image