ယူနိုက်တက်မှာ အပ်ပုန်းဖြစ်ခဲ့တဲ့ ဒေါက်တာလေးရက်ရှ်ဖို့ဒ်ကတော့ ဗီလာမှာ အပ်ပုန်းမဟုတ်တော့ဘူးဆိုတာကို ပြနေပါပြီ။ ညက အက်ဖ်အေဖလားပွဲမှာ အဆန်စီယိုအတွက် တကြိမ်ဖန်တီးပေးခဲ့ပြီး တပွဲလုံးမှာ အခွင့်အလမ်းဖန်တီးမှု ၆ ကြိမ်အထိ လုပ်ပေးသွားပါတယ်။ ယူနိုက်တက်အတွက် ပွဲပေါင်း ၄၀၀ ကျော်ကစားခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ တပွဲတည်းမှာ ဒီလောက်အထိ အခွင့်အရေးလုပ်ပေးနိုင်တာမျိုး မရှိခဲ့ဖူးဘူး။
