8 ပတ် - ဘာသာပြန်ပါ။

ချစ်သောယွန်းခင်ခင် - မြသန်းတင့်
" မြန်မာပြည်ကို ဗြိတိသျှတွေသိမ်းတဲ့
ကိစ္စဟာ ဘုံဘေဘားမားသစ် ကိစ္စကြောင့်
ဖြစ်ရတယ်လို့ထင်လား "
"မဟုတ်ဘူးဗျ ဖဲင်နီရဲ့ အချစ်ကိစ္စကြောင့် "
မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်အကြောင်းကို အခြေခံပြီး ဇာတ်လမ်းဖွဲ့ထားခဲ့တဲ့ ဝတ္ထုတစ်ပုဒ် ။
အင်္ဂလိပ်စာရေးဆရာမ တင်နီဂျက်ဆင် က
စုဖုရားလတ်ရဲ့ အပျိုတော် ၊ ရက်ကန်းဆရာကြီးသမီး ၊ ကုလားဝန်သမီး စတဲ့ သူတို့တွေကို တွေ့ဆုံမေးမြန်းပြီး ရေးခဲ့တဲ့ဇာတ်လမ်းပေါ့ ။
သီပေါမင်းနဲ့စုဖုရားလတ် ဇာတ်လမ်းဟာ နားရည်ဝနေခဲ့ပြီဖြစ်ပေမယ့် မတွေးဖူးတဲ့ ရှုထောင့်ကနေ
ပြန်မြင်တဲ့ သမိုင်းတစ်ခုကို မြင်လိုက်ရသလိုပါပဲ ။
ဒီအကြောင်းဟာ တကယ်အမှန်ပဲလား
စာရေးဆရာရဲ့ စာရေးခြင်းအနုပညာနဲ့ ဖန်တီးရေးဖွဲ့ထားတာလားဆိုတာကိုတော့ ကိုယ့်ဘာသာဆုံးဖြတ်ချင့်ချိန်ကြည့်ရမှာပါ ။
စုဖုရားလတ်ရဲ့ အပျိုတော်အဖြစ် ခစားရတဲ့
အီတလီ - မြန်မာ ကပြားမလေး ဖဲလ်နီ ။
သူဟာမြန်မာသွေးပါတာမို့ နန်းတွင်းထဲမှာ ပျော်မွေ့တဲ့သူတစ်ယောက် ။ လျှို့ဝှက်ကြံစည်တာ တိတ်တဆိတ်လုပ်တာတွေကလည်း
စုဖုရားလတ်နဲ့ တူနေတာ ။ ဒါကြောင့်မို့လည်း နန်းမတော်အရှင်မရဲ့ လူယုံတော်ဖြစ်ခဲ့တာပေါ့ ။
နန်းတွင်းအရှုပ်တော်ပုံတွေကတဆင့်
ပေါ်ပေါက်လာတဲ့ ဖဲလ်နီရဲ့ အချစ်ဇာတ်လမ်း ။
ပြင်သစ်အထောက်တော် ဗွန်ဗွိုင်ဆင် နဲ့ ဇာတ်လမ်းဖြစ်ခဲ့တဲ့ ဖဲလ်နီ ။
မန္တလေးမြို့တော်တစ်ဝိုက်မှာ လှည့်လည်
ခြေခုတ်နေကြတဲ့ အင်္ဂလိပ် ပြင်သစ် အီတလီတရုတ်စတဲ့ နိုင်ငံခြားသားကုန်သည်တွေ ။
ရှေးခေတ်နန်းတွင်းဓလေ့ထုံးတမ်းကြားမှာ
နန်းလုပွဲတွေကြားမှာ အိပ်မောကြပျော်ရွှင်နေဆဲ
မြန်မာဘုရင်နဲ့နန်းတွင်းသားနန်းတွင်းသူတွေ ။
မြန်မာနဲ့ပြင်သစ်ကြားက စာချုပ်တွေ ။
မန္တလေးမြို့တော်မှာ ပြင်သစ်တွေနဲ့အတူ ပျော်ရွှင်စွာ နေထိုင်ရမယ်လို့ စိတ်ကူးနဲ့ တွေးပျော်ခဲ့တဲ့
ဖဲလ်နီရဲ့ အိပ်မက်တွေ ။
ဗွန်ဗွိင်ဆင်တစ်ယောက် ဖဲလ်နီကို ထားခဲ့ပြီး
ပြင်သစ်သူတစ်ယောက်ကို လက်ထပ်ယူသွားတဲ့အခါ ပေါ်ပေါက်လာခဲ့တဲ့ အချစ်ကလဲ့စားလို့
ဆိုရမလား အမုန်းကလဲ့စားလို့ ပြောရမလား ။
အမျိုးသမီးတစ်ယောက်ရဲ့ အမုန်းနဲ့အတူ
မြန်မာပြည်ရဲ့ ကံကြမ္မာ ။ ဖဲလ်နီရဲ့ အိပ်မက်တွေနဲ့အတူ ဗြိတိသျှလက်အောက် ရောက်ခဲ့တဲ့
မြန်မာပြည် ။
ရယ်စရာတော့ကောင်းသားနော် နိုင်ငံကြီးတစ်ခုလုံးကို သိမ်းပိုက်ပစ်တာကို သာမန် အချစ်ဇာတ်လမ်းလေးတစ်ခုကြောင့်ပါလို့ ဇာတ်လမ်းဖွဲ့ရေးတတ်တဲ့ အင်္ဂလိပ်တွေပါပဲ ။
အမှန်တော့ ဆရာမြသန်းတင့် ပြောသလိုပါပဲ
ဖဲလ်နီ အချစ်ကိစ္စ​ ရှိရှိ မရှိရှိ ၊ ဘုံဘေဘားမားသစ်ကိစ္စဖြစ်ဖြစ် မဖြစ်ဖြစ် သိမ်းမှာက သိမ်းပိုက်မှာပဲဆိုတာလေ ။ တကယ်လို့ ဟုတ်မှန်ခဲ့တယ်ဆိုရင်တောင် ဖဲလ်နီဆိုတာ စက်ယန္တာရားကြီးတစ်ခုထဲ ဝက်အူစိတ်လေးတစ်ခုပါပဲ ။

image