8 ပတ် - ဘာသာပြန်ပါ။

DeepSeek-R1 ထက် ပိုသွက်တဲ့ AI သစ် Tencent ဖြန့်ချိ
စက္ကန့်ပိုင်းအတွင်း မေးခွန်းတွေ ဖြေနိုင်တဲ့ AI Model သစ်တစ်မျိုးကို Tencent က မိတ်ဆက်လိုက်ပါတယ်။
တရုတ်ရဲ့ အကြီးဆုံးနည်းပညာကုမ္ပဏီကြီးရဲ့ မော်ဒယ်ကို Hunyuan Turbo S လို့ နာမည်ပေးထားပါတယ်။ Tencent က Hunyuan Turbo S ကို အမြန်တွေးခေါ်နိုင်တဲ့ fast-thinking model တစ်ခုအနေနဲ့ ထုတ်ထားတာပါ။ Hunyuan နဲ့ ယှဉ်ရင် DeepSeek R1 လို မော်ဒယ်တွေက slow-thinking model ဖြစ်သွားတယ်လို့ ပြောပါတယ်။
ဒီလို ပြောတဲ့အကြောင်းက Hunyuan က စက္ကန့်ပိုင်းအတွင်း အမြန်ဖြေနိုင်အောင် output speed ကို နှစ်ဆတိုးထားပြီး စကားလုံးတစ်လုံးရဲ့ ကြန့်ကြာမှုကို ၄၄% နီးနီး လျှော့ချနိုင်တာကြောင့်လို့ ဆိုပါတယ်။ Hunyuan ကို လူရဲ့ ပင်ကိုယ်သိစိတ် intuition လိုမျိုး ချက်ချင်းကောက်ဖြေနိုင်တဲ့ short thinking chain ပုံစံ လေ့ကျင့်ဖန်တီးထားတာပါ။

image