8 w - Translate

Tesla အရှုံးပေါ်နေသလား

Trump နဲ့ နိင်ငံရေးကို ဦးစားပေးလွန်းနေတဲ့ Elon Musk တစ်ယောက် Tesla ဘက်မှာတော့ အရှုံးတွေပေါ်လိုက် ဈေးလျော့ရောင်းလိုက် ကားတွေပြန်သိမ်းလိုက်နဲ့ ဂယက်တော်တော်ထနေပါတယ်။

2025 ပထမနှစ်လအတွင်းမှာတင် Tesla ဘက်က သတင်းတွေ တစ်ခုပြီးတစ်ခုတက်လာတာပါ။ ပထမဆုံး Autopilot ပြဿနာကြောင့် ကားအစီးရေ ၂ သန်းလောက် ပြန်သိမ်းခဲ့ရတာပါ။ အဲ့ဒီနောက် ပြီးခဲ့တဲ့လတုန်းကတော့ Trump ပိုင် ဟော်တယ်ရှေ့မှာ Cybertrcuk မီးထလောင်ပါလေရော (ဒီကိစ္စက ကားဘက်ကဖြစ်တာမဟုတ်ပဲ လုပ်ကြံမှုလို့တော့ ဆိုထားပါတယ်။ )

နောက်ထပ်ဖြစ်တာကျ Elon Musk ရဲ့ နာဇီစတိုင် အလေးပြုလက်ဟန်ကြောင့် ဂျာမနီက စက်ရုံမှာ ဆန္ဒပြခဲ့တာတွေဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ရောင်းမကုန်ဖြစ်နေတဲ့ Cybertruck တွေကို ဒေါ်လာ 6000 အထိ ဈေးလျှော့ရောင်းခဲ့ပါသေးတယ်။

ဒီလို ရောင်းအားတွေ ကျဆင်းမှုတွေကနေ မနေ့က ထပ်တက်လာတဲ့ သတင်းအရ Tesla ရှယ်ယာတွေဟာ 8% အထိကျဆင်းသွားပြီး ဒေါ်လာ ထရီလီယံနဲ့ချီ ဆုံးရှုံးမှုတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဥရောပဈေးကွက်အတွင်း ရောင်းအားကျဆင်းမှုက တော်တော်လေးသိသာခဲ့တာပါ။

image