24 w - Translate

ရာသီမကုန်ခင်မှာပဲ ပရီးမီးယားလိဂ်မှာပေးဂိုးအများဆုံး ရာသီဖြစ်ခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် လက်ကျန်ပွဲ(၆)ပွဲကစားရန် ကျန်နေသေးသော်လည်း အသင်းသမိုင်းတစ်လျှောက် ပေးဂိုးအများဆုံးရာသီဟူသည့် မှတ်တမ်းဆိုးတစ်ခုကို ရရှိခဲ့သည်။ ပြီးခဲ့သည့် လန်ဒန်ဒါဘီ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင်(၅)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်း၏ ပေးဂိုးမှာ (၅၇)ဂိုးအထိ ရှိလာခဲ့သည်။ ယင်းပမာဏမှာ ချယ်လ်ဆီးအသင်း၏ တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ပေးဂိုးစံချိန်ဖြစ်သော (၅၅)ဂိုးကို ကျော်လွန်သွားခဲ့ပြီး လက်ကျန်ပွဲများ ကျန်ရှိနေခြင်းကြောင့် ပေးဂိုးအရေအတွက်မှာ (၆၀)ဂိုးအထက်သို့ပင် ရောက်ရှိသွားနိုင်သည်။ချယ်လ်ဆီးအသင်းသည် (၁၉၉၆-၉၇) ရာသီက ပရီးမီးယားလိဂ်ပေးဂိုး စံချိန်တင်အများဆုံးအဖြစ် (၅၅)ဂိုးပေးခဲ့ရပြီး၊(၂၀၀၄-၀၅) ရာသီက ပရီးမီးယားလိဂ်ပေးဂိုးစံချိန်တင် အနည်းဆုံးအဖြစ် (၁၅)ဂိုးသာပေးခဲ့ရသည်။ယခုရာသီ လက်ကျန်ပွဲ(၆)ပွဲအပြီးမှာ ချယ်လ်ဆီးအသင်းရဲ့ စံချိန်တင်ပေးဂိုးအရေအတွက် ဘယ်လောက်အထိ ရှိသွားနိုင်မှာလဲ❓

image