8 ပတ် - ဘာသာပြန်ပါ။

ဆိုဆီဒက်နဲ့ ကိုပါဒယ်ရေးပွဲမှာ ဘယ်လင်ဟမ်က အန်းဒရစ်ခ်အတွက် ဖန်တီးပေးခဲ့ပုံပါ။ ရီးရဲလ်ကွင်းဘက်ခြမ်းကနေပဲ ကန်တင်ပေးပို့ကာ ဖန်တီးပေးသွားခဲ့ပြီး အန်းဒရစ်ခ်ကလည်း ဆွဲယူပြေးကာ လှလှပပ အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဘယ်လင်ဟမ်ရဲ့ အဆင့်အတန်းက နောက်တဆင့်ဆီကို လှမ်းနေပြီဆိုတာကို ထပ်မြင်တွေ့ခဲ့ရတဲ့ပွဲပါပဲ။ လာလီဂါမှာ ပွဲပယ်ခံထားရလို့ မပါဝင်နိုင်ခဲ့တဲ့ ဘယ်လင်ဟမ်က သူ ဝင်ကစားတာနဲ့ အသင်းအတွက်ကို ဂိုးသွင်းရင်သွင်း၊ မသွင်းရင် ထိရောက်တဲ့ ဖန်တီးမှုတွေ၊ ပေးပို့မှုတွေကို လုပ်ပေးနေတာ ထမင်းစားရေသောက်လိုဖြစ်နေပါပြီ။
သူ့အသက်အရွယ်ကြောင့်လည်း ရီးရဲလ်အတွက် ဆယ်စုနှစ်တခုစာလောက် စိတ်ချရတဲ့ အနေအထားပါ။ သူ့အတွက်ပေးခဲ့ရတဲ့ ယူရိုသန်း ၁၀၀ က အရမ်းကိုတန်လွန်းနေပါပြီ။ ခရူးစ်၊ မိုဒရစ်တို့မရှိတေ့ာတဲ့အချိန် ရီးရဲလ်ကွင်းလယ်ကို မောင်းနှင်ပေးမယ့် အင်ဂျင်ကတော့ ဘယ်လင်ဟမ်ပါပဲ။

image