တချိန်တုန်းက နာမည်ကြီးလူသုံးများခဲ့တဲ့ skype ကို လာမယ့် မေလမှာ အပြီးပိတ်သိမ်းတော့မယ်လို့ microsoft ဘက်က ကြေငြာလိုက်ပါတယ်။ 😢
Skype application ဟာ IP-based video call နဲ့ voice call အတွက် အသုံးပြုတဲ့နေရာမှာ နာမည်ကြီးခဲ့ပါတယ်။ 2003 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Skype ဟာ လူပေါင်း ၃၆သန်းနီးပါး နေ့စဉ်အသုံးပြုခဲ့တဲ့ app ဖြစ်ပါတယ်။
Microsoft ဟာ Skype ကို ၂၀၁၁ မေလမှာ ဝယ်ယူခဲ့တာဖြစ်ပြီး ၁၃နှစ်အကြာမှာတော့ ယခုလို ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
