8 w - Translate

ပဲခူးမြိုနယ် အမျိုးသားတစ်ဦး ရထားတိုက်ခံရသဖြင့်သေဆုံးမှုဖြစ်ပွား
*************************
(မှုခင်း) ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့နယ်၊ ခုံတိုင်းကျေးရွာအနီး မီးရထားမိုင်တိုင်အမှတ် ၅၁/၂၃နှင့် ၅၁/၂၄ ကြားတွင် ဖေဖဝါရီလ(၂၈)ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က အမျိုးသား ၁ ဦး ရထားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။ဖြစ်စဥ်မှာအခင်းဖြစ်နေရာတွင် သေဆုံးသူအောင်နိုင်ဝင်း၊ ၃၅ နှစ်၊ (ဘ)ဦးမျိုးအောင်၊ ဗမာ/ဗုဒ္ဓ၊ ရွှေတန်ကျေးရွာ၊ ဘုရားကြီးမြို့၊ (အရက်ကြောင်ကြောင်) နေသူဖြစ်ပြီး ရန်ကုန်ဘက်မှ မန္တလေးသို့ စက်ခေါင်းမောင်းဦးကြည်ရွှေ မောင်းနှင်လာသော စက်ခေါင်းအမှတ် DF-1356 (၁)အဆန် စာပို့ရထားမှာ ရွှေလှေဘူတာမှ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ထွက်လာခဲ့ရာ အခင်းဖြစ်နေရာအရောက်တွင် သေဆုံးသူမှ လမ်းဖြတ်ကူးစဉ် မီးရထားနှင့် တိုက်မိခြင်းဖြစ်ကြောင်း သိရှိရသည်။

image