8 w - Translate

#ပြည်တွင်းသတင်း
◼ဒေါပုံတွင်မီးရှို့တိုက်ခိုက်ခံရသည့်ရာအိမ်မှူး ဆေးကုသမှုခံယူနေစဉ်သေဆုံး
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၌ ဓာတ်ဆီလောင်းမီးရှို့တိုက်ခိုက်ခံရသည့်ရာအိမ်မှူး ဆေးကုသမှုခံယူနေစဉ်သေဆုံးသွားကြောင်း ၎င်းနှင့်နီးစပ်သူများ ထံမှသိရသည်။
“ဖေဖော်ဝါရီ ၂၆ ရက်က မနက်ပိုင်းဆုံးသွားတာ ချက်ချင်းသင်္ဂြိုဟ်လိုက်ကြတာ” ဟု ကြည်စုရပ်ကွက် တွင်နေထိုင်သူတစ်ဦးကပြောသည်။
ယခုလဖေဖော်ဝါရီ ၁၂ ရက်တွင် ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးအမျိုးသမီးနှင့် အမျိုးသမီးတစ်ဦးတို့က သန်းခေါင်စာရင်းမိတ္တူများ လိုက်လံကောက်ယူစဉ် အိမ်ရှင်ဖြစ်သူက ဓာတ်ဆီဖြင့်ပက်၍ မီးရှို့တိုက်ခိုက်ခဲ့ရာ ရာအိမ်မှူးနှင့်ဆယ်အိမ်မှူးအမျိုးသမီးတို့မှာ ခန္ဓာကိုယ်တွင်မီးလောင်ဒဏ်ရာများရရှိခဲ့သည်။
အဆိုပါမီးလောင်ဒဏ်ရာများကြောင့် ရာအိမ်မှူးဖြစ်သူမှာ ရန်ကုန်ဆေးရုံကြီး၌ဆေးကုသမှုခံယူနေစဉ် အနာများပိုးဝင်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နေသစ်ဦး
ဓာတ်ပုံ - CJ

image