သဘာဝကျလွန်းတဲ့ ပြင်ဆင်မှုကြောင့် မမှတ်မိနိုင်လောက်အောင် ဖြစ်ခဲ့ရတဲ့ အေးမြတ်သူ🥰
သူမရဲ့ ပြင်ဆင်မှု ဇာတ်ရုပ်အပေါ်မှာ ပရိသတ်တွေက မှတ်ချက်ပေးထားကြတာပါ။ ဇာတ်ဝင်ခန်းတစ်ခုအတွက် ရိုက်ကူးနေတဲ့ သူမရဲ့ ဈေးသည်အဖြစ်ပြင်ဆင်မှု ပုံရိပ်ဟာ ပြင်ပက ဘဝနေထိုင်မှုပုံစံတွေနဲ့ ထပ်တူကျခဲ့ပြီး မင်းသမီးတစ်ယောက်ပါလားဆိုတဲ့ ရုပ်ကို မမှတ်မိနိုင်လောက်အောင် ဖြစ်ခဲ့ရတာပါ။ အေးမြတ်သူပါဝင်တဲ့ ဇာတ်ကားတွေမှာ သူမဟာ သဘာဝကျစွာ အပိုအလိုမရှိသရုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ အကောင်းဆုံးသရုပ်ဆောင် ဇာတ်ပို့ဆု ကိုရရှိပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။
