အမည်မဖော်လိုသူ သတင်းရင်းမြစ်အသုံးပြု ဖော်ပြချက် အရေးယူနိုင်တယ်လို့ မီဒီယာတွေကို ထရန့်သတိပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈
အမည်မဖော်လိုသူ သတင်းရင်းမြစ်တွေကို အသုံးပြု သတင်းရေးသားမှုနဲ့ အသုံးပြုဖော်ပြမှုတွေကို ဥပဒေအရ အရေးယူနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတင်းမီဒီယာ၊ စာအုပ်ရေးသားသူ၊ ထုတ်ဝေသူတွေကို သတိပေးလိုက်ပါတယ်။
အမည်မဖော်လိုသူ ဒါမှမဟုတ် မှတ်တမ်းမဟုတ်တဲ့ ကိုးကားချက်တွေနဲ့ အတုအပဇာတ်လမ်းတွေ အသရေဖျက်တဲ့ စိတ်ကူးယဉ်တွေ ဖန်တီးနေကြတာလို့ ထရန့်က ဖေဝန်ပြောဆိုပါတယ်။
နောက်ဆိုရင် ဒီလိုမရိုးသား ရေးသားဖော်ပြမှုလုပ်တဲ့ စာရေးဆရာတွေ၊ ထုတ်ဝေသူတွေနဲ့ မီဒီယာတွေကို အမည်မသိ သတင်းရင်းမြစ်အသုံးပြုတာနဲ့ပတ်သက်ပြီး ဥပဒေနဲ့ တရားစွဲဖို့ လုပ်မယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။
အမည်မသိ သတင်းရင်းမြစ်တွေကို အသုံးပြုတဲ့ သတင်းမီဒီယာဖော်ပြချက်တွေနဲ့ အခြားထုတ်ဝေမှုတွေကို ထိန်းညှိဖို့အတွက် အမေရိကန်အစိုးရအနေနဲ့ ဥပဒေတွေ ဖန်တီးပြဌာန်းနိုင်တယ်လို့လည်း သူကဆိုပါတယ်။
သီးခြားအနေနဲ့ အမေရိကန်အစိုးရရဲ့ အခွန်စည်းကြပ်မှု မူဝါဒကြောင့် အမေရိကန်မော်တော်ယာဉ်လုပ်ငန်းရှိ အလုပ်သမားတွေ ထိခိုက်နစ်နာနေရတယ်ဆိုတဲ့ ဝေါလ်စရိဂျာနယ်ရဲ့ အယ်ဒီတာ အာဘော်ကိုလည်း ဝေဖန်ခဲ့ပြီး ဒါဟာ မှားယွင်းတဲ့ အချက်အလက်တွေလို့ ပြောပါတယ်။
ဒါအပြင် အမေရိကန်ပင်လယ်ကွေ့လို့ သူကအမည်ပြောင်းလိုက်ပြီးနောက် မက္ကဆီကိုပင်လယ်ကွေ့လို့ ဆက်လက်သုံးစွဲဖော်ပြနေတဲ့ အေပီသတင်းဌာနကိုလည်း အိမ်ဖြူတော် ဘဲဥပုံရုံးခန်းနဲ့ သမ္မတလေယာဉ်တွေပေါ် သတင်းရယူခွင့်ကို ထရန့်က ပိတ်ပင်တားမြစ်ထားခဲ့ပါတယ်။
Ref:NHK
Photo:White House
#သတင်းဟင်းလေးအိုးကြီး
