8 w - Translate

လူ့သမိုင်းရဲ့ ကြောက်မက်ဖွယ်ရာ နှိပ်စက်နည်း
ရှေးခေတ်ဂရိနိုင်ငံရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်တဲ့အခါ ရက်စက်ကြမ်းကြုတ်တဲ့ နှိပ်စက်နည်းတွေ အများအပြား ပေါ်ထွန်းခဲ့တာကို တွေ့ရပါတယ်။
အဲ့ဒီထဲကမှ လူသားတွေရဲ့ ရက်စက်ယုတ်မာမှု အတိုင်း အဆမဲ့ ပြသခဲ့တဲ့ Brazen Bull (သို့) ကြေးနွားရုပ်ကြီးအကြောင်းဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
Brazen Bull ကို ဘီစီ ၆ ရာစုမှာ အေသင်မြို့က ပန်းပု ဆရာ Perillos of Athens က စစ္စလီကျွန်း၊ အက်ခရာဂတ်စ် (Acragas) မြို့ (ယခု အီတလီနိုင်ငံ၊ Agrigentoမြို့) ရဲ့ အာဏာရှင် ဖယ်လာရစ် (Phalaris) အတွက် တီထွင်ပေးခဲ့တာ ဖြစ်ပါတယ်။
ဖယ်လာရစ်ဟာ ရက်စက်ကြမ်းကြုတ်မှု၊ ဆိုးသွမ်းမှုတွေနဲ့ နာမည်ဆိုးနဲ့ ကျော်ကြားသူဖြစ်ပြီး သူ့ရဲ့ရန်သူတွေကို နှိပ်စက်ဖို့အတွက် ထူးခြားဆန်းပြားတဲ့ နည်းလမ်းတွေကို ရှာဖွေခဲ့သူလည်း ဖြစ်ပါတယ်။
Brazen Bull ကို ကြေးညို (Bronze) နဲ့ ပြုလုပ်ထားပြီး အတွင်းပိုင်းအခေါင်းပေါက်ပါရှိတဲ့ နွားရုပ်ကြီးတစ်ခု ဖြစ်ပါတယ်။
နွားရုပ်ရဲ့ ကျောဘက် (သို့) ဗိုက်ဘက်မှာ အဖွင့်အပိတ်တံခါးတစ်ခု ပါရှိပြီး အဲ့ဒီတံခါးကနေ အပြစ်သားတွေကို နွားရုပ်ကြီးရဲ့ ဗိုက်ထဲကို ထည့်သွင်းပြီး ပိတ်လှောင်ထားပါတယ်။ ပြီးရင်တော့ နွားရုပ်ကြီးအောက်မှာ မီးပုံကြီးဖိုပြီး အပူပေးနှိပ်စက်လေ့ရှိပါတယ်။
အထူးခြားဆုံးအချက်ကတော့ နွားရုပ်ကြီးရဲ့ ဦးခေါင်းပိုင်းမှာ အသံပိုင်းဆိုင်ရာ ပြွန်တွေ၊ ပိုက်တွေကို ကျွမ်း ကျင်စွာ တပ်ဆင်ထားခြင်းပါပဲ။
ဒီပြွန်တွေဟာ အထဲမှာ အပူလောင်ခံရတဲ့သူရဲ့ အော်ဟစ်သံတွေကို နွားတစ်ကောင်ရဲ့ ဟိန်းသံအဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ်။
ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေအရ Brazen Bull ကို တီထွင်ခဲ့တဲ့ Perillos ဟာ သူ့ရဲ့တီထွင်မှုအတွက် ဆုလာဘ်ရရှိဖို့ မျှော်လင့်ခဲ့ပေမဲ့ ဖယ်လာရစ်ရဲ့ ရက်စက်မှုဒဏ်ကို သူကိုယ်တိုင် ခံစားခဲ့ရပါတယ်။
ဖယ်လာရစ်က Perillos ကို နွားရုပ်ထဲ ဝင်စေပြီး အသံစနစ် အလုပ်လုပ်ပုံကို စမ်းသပ်ခိုင်းခဲ့ပါတယ်။ Perillos အော်ဟစ်တဲ့အခါ နွားရုပ်ကြီးထဲကနေ နွားဟိန်းသံလို အသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမဲ့ ဖယ်လာရစ်ဟာ Perillos ကို နွားရုပ်ထဲကနေ ပြန်မထုတ်ပေးတော့ဘဲ မီးရှို့သတ်ပစ်ဖို့ အမိန့်ပေးခဲ့ပါတယ်။
သို့သော်လည်း အချို့မှတ်တမ်းတွေမှာတော့ Perillos ဟာ မီးမရှို့ခင်မှာ နွားရုပ်ထဲကနေ ထုတ်ပေးခံခဲ့ရပြီး ချောက် ကမ်းပါးပေါ်ကနေ တွန်းချသတ်ပစ်ခြင်း ခံခဲ့ရတယ်လို့ ဆိုကြပါတယ်။
ဖယ်လာရစ်ရဲ့ အဆုံးသတ်ကလည်း ကြေကွဲစရာပါပဲ။ သူ့ရဲ့ ရက်စက်တဲ့အုပ်ချုပ်မှုကြောင့် ပြည်သူတွေရဲ့ မုန်းတီးမှုကို ခံခဲ့ရပြီး နောက်ဆုံးမှာတော့ တယ်လီမားကပ်စ် (Telemachus) ဦးဆောင်တဲ့ ပုန်ကန်မှုမှာ အာဏာဆုံးရှုံးခဲ့ရပါတယ်။
ဖယ်လာရစ်လည်း သူကိုယ်တိုင် ဖန်တီးခိုင်းခဲ့တဲ့ Brazen Bull ထဲမှာပဲ အရှင်လတ်လတ် မီးရှို့thet ခြင်းကို ခံခဲ့ရတယ်လို့ ဆိုကြပါတယ်။
မည်သို့ပင်ဆိုစေကာမူ Brazen Bull ဟာ လူ့သမိုင်းမှာ အဆိုးရွားဆုံး နှိပ်စက်နည်းတွေထဲက တစ်ခုအဖြစ် သတ် မှတ်ခံခဲ့ရပြီး အကြမ်းဖက်မှု၊ ရက်စက်မှုတွေရဲ့ ပြယုဂ်တစ်ခုအဖြစ် ယနေ့တိုင် တည်ရှိနေဆဲ ဖြစ်ပါတယ်။
#knowledge

image