200MP Telephoto ကင်မရာနဲ့ 6,000mAh Battery ပါတဲ့ Xiaomi 15 Ultra လာပြီ
===============================================
Xiaomi က 15 Series မှာ အကြမ်းဆုံးဆိုတဲ့ Ultra ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ အမိုက်စား ကင်မရာတွေ၊ ကြီးမားတဲ့ Battery ပါလာပြီး ဒီဇိုင်းကလည်းလန်းပါတယ်။
Display အတွက် 6.73” 3200x1440p AMOLED ကို တပ်ဆင်ထားပြီး 1-120Hz Refresh Rate နဲ့ 3,200 Nits Brightness ထည့်ထားပါတယ်။ အမြင့်က ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်တဲ့ Xiaomi Shield Glass 2.0 နဲ့ Display ကို ကာကွယ်ထားပါတယ်။
နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 8 Elite ထည့်ထားပြီး 12GB or 16GB LPDDR5X RAM ၊ 256GB or 512GB or 1TB UFS 4.1 Storage နဲ့ တွဲထားပါတယ်။ Chipset အသစ်ဟာ စွမ်းဆောင်ရည် ၄၅ ရာခိုင်နှုန်း ပိုကောင်းလာပြီး စွမ်းအင် စားသုံးမှု ၅၂ ရာခိုင်နှုန်း နည်းသွားပါတယ်။
အနောက်ဘက်မှာ Leica-tuned ကင်မရာ ၄ လုံး ပါလာပါတယ်။ ပင်မ ကင်မရာက 1-inch 50MP Sony LYT-900 ဖြစ်ပြီး 50MP Ultrawide , 50MP Telephoto , 200MP Periscope Telephoto ကင်မရာတွေနဲ့ တွဲဖက်ထားပါတယ်။ 32MP ကင်မရာကို ဆဲလ်ဖီးအတွက် သုံးထားပါတယ်။ အနောက်ကင်မရာ ၄ လုံးဟာ 8K 30fps Video ရိုက်ကူးနိုင်ပါတယ်။ ဆဲလ်ဖီး အပါအဝင် ကင်မရာ အားလုံးဟာ 4K 60fps Video ရိုက်နိုင်ပါတယ်။
90W Wired နဲ့ 80W Wireless Charging ပါတဲ့ ကြီးမားတဲ့ 6,000mAh Battery သုံးထားပါတယ်။ Black , White နဲ့ အထူးထုတ် Silver Chrome Edition ထုတ်ထားပါတယ်။ Android 15 အခြေပြု HyperOS 2 ထည့်ထားပါတယ်။ စာရေးတာ၊ စာအကျဉ်းချုပ်တာ၊ စာအချောသတ်တာနဲ့ အသံကနေ စာသားပြောင်းနိုင်တဲ့ AI Writing ပါတဲ့ HyperAI ထည့်သွင်းထားပါတယ်။
တရုတ်မှာ ဈေးနှုန်းက 12/256GB ကို ၆,၄၉၉ ယွမ် (၈၉၃ ဒေါ်လာ)၊ 16/512GB ကို ၆,၉၉၉ ယွမ် (၉၆၁ ဒေါ်လာ)နဲ့ 16GB RAM/1TB ကို ၇,၇၉၉ ယွမ် (၁,၀၇၁ ဒေါ်လာ ) သတ်မှတ်ထားပါတယ်။ မတ်လ ၃ ရက်နေ့ တရုတ်မှာ ရောင်းမှာ ဖြစ်ပြီး ကြိုတင်မှာယူနိုင်ပါပြီ။




