24 w - Translate

၁၉၅၀ ပြည့်နှစ်တွေမှာ အမေရိကန်ကားကုမ္ပဏီ Dodge အမျိုးသမီးတွေအတွက် la femme ဆိုတဲ့ ပန်းရောင်ကားမော်ဒယ်တစ်မျိုးကို သီးသန့်ထုတ်လုပ်ရောင်းချခဲ့ပြီး ကားဝယ်သူတိုင်းကို ပိုက်ဆံအိတ်၊ နှုတ်ခမ်းနီတောင့်၊ မိုးကာ၊ ဦးထုပ် အစရှိတဲ့ လက်ဆောင်ပစ္စည်းတွေ ပေးခဲ့ပါတယ်။

၁၉၅၀ ပြည့်နှစ်ကာလဟာ အမေရိကန်နိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေ တဟုန်ထိုး ပွင့်လန်းလာချိန်ဖြစ်ပြီး စီးပွားပျက်ကပ်ကြောင့် ချို့တဲ့နွမ်းပါးစွာ ကြီးပြင်းခဲ့ရသူတွေက ငွေကြေး အလျှံအပယ်သုံးစွဲလာကြတဲ့အချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကို သီးသန့်ပစ်မှတ်ထားတဲ့ ကားထုတ်လုပ်ရောင်းချမှုကတော့ အောင်မြင်ခဲ့ခြင်းမရှိဘဲ နှစ်ပိုင်းအကြာမှာပဲ ရပ်ဆိုင်းခဲ့ရပါတယ်။

Ref: 1955 Dodge la femme

image
image
image