8 ပတ် - ဘာသာပြန်ပါ။

ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ကမ်းရိုးတန်းမှာ ခရုဇ်ဒုံးကျည် စစ်ရေးလေ့ကျင့်မှု မြောက်ကိုရီးယား ပြုလုပ်

ပြုံးယမ်း၊ ဖေဖော်ဝါရီ ၂၈

ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ကမ်းရိုးတန်းမှာ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဆိုပါတယ်။

လာမယ့်လမှာ ပြုလုပ်မယ့် အမေရိကန်နဲ့ တောင်းကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန်ဝေဖန်ပြီးနောက် ခရုဇ်ဒုံးကျည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာပါ။ ဒီစစ်ရေးလေ့ကျင့်မှုကို ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။

ဒုံးကျည်တွေဟာ ဘဲဥပုံလမ်းကြောင်းအတိုင်း နှစ်နာရီကြာပျံသန်းခဲ့ပြီး ကီလိုမီတာ ၁၅၈၇ အကွာရှိ ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ နျူကလီးယားကာကွယ်တားဆီးရေးလက်နက်တွေ အသင့်ဖြစ်မှုကို စမ်းသပ်ဖို့နဲ့ စစ်ရေးအင်အားစမ်းသပ်မှုအဖြစ် လေ့ကျင့်ခဲ့ခြင်းဖြစ်တယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။

မြောက်ကိုရီးယားဟာ ဖေဖော်ဝါရီ ၂၆ ရက် မနက် ၈ နာရီမှာ ပင်လယ်ဝါဘက်ကို ဦးတည်ပြီး ခရုဇ်ဒုံးကျည်တွေ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ကလည်း အတည်ပြုထုတ်ပြန်ထားပြီး အချက်အလက် ခွဲခြမ်းစိတ်ဖြာမှုကို မဟာမိတ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ မြောက်ကိုရီးယားဟာ ဘက်စုံမဟာဗျူဟာမိတ်ဖက်သဘောတူညီချက်အရ ရုရှားနှင့် စစ်ဘက်ဆက်ဆံရေး တိုးမြှင့်နေပြီး နောက်ထပ် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များကို ရုရှားသို့ စေလွှတ်ထားကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးက ထုတ်ဖော်ပြောကြားထားသည်။

Ref:NHK
Photo:Reuters

#centralnewsnaypyitaw

image
image
image