24 w - Translate

iPad အသစ်တွေစောင့်မျှော်နေကြတဲ့ Apple User တို့အတွက်

“Let Loose” ဆိုတဲ့ဆောင်ပုဒ်နဲ့အတူ iPad အသစ်တွေ မိတ်ဆက်တော့မယ့် Event ကို
အခုလာမယ့် မေလ (၇)ရက်နေ့ မှာ ကျင်းပသွားတော့မှာဖြစ်ကြောင်း Apple က တရားဝင် ကြေညာလိုက်ပြီဖြစ်ပါတယ်။

ဒီပွဲမှာဆိုရင်တော့ အရင်နဲ့မတူညီတဲ့ ဒီဇိုင်းအသစ်အဆန်းတွေနဲ့ OLED Display ကိုအသုံးပြုလာမယ့် iPad Pro အသစ် နဲ့ iPad Air အသစ်တို့အပြင် Apple က ဖော်ပြလာတဲ့ပုံအရ Apple Pencil 3rd Gen ကိုပါ မိတ်ဆက်သွားမယ်လို့ ထင်ရပါတယ်။ ဒါ့အပြင် iPad အသစ်တွေအတွက်လည်း ဒီဇိုင်းပြောင်းထားမယ့် Magic Keyboard အသစ်ကို မြင်တွေ့နိုင်ဖွယ်ရှိတာဆိုတော့ မိတ်ဆက်သွားဖို့ကိုလည်း မျှော်လင့်ရတာပေါ့လေ။

ဒီနှစ်အစောပိုင်းထဲက ထွက်ရှိထားတဲ့ သတင်းတွေအရဆိုရင်တော့ အသစ်ထွက်လာမယ့် iPad Pro တွေမှာ display ကို Matt ရယ် Glossy ရယ်ဆိုပြီး version ၂မျိုးနဲ့လာမယ်လို့ ပြောနေကြတာပါ။

အသစ်အဆန်းတွေသာ ချပြတတ်တဲ့ Apple ဆိုတဲ့အတိုင်း အရမ်းတော့လည်း မမှန်းဆရဲတာကြောင့် အတိအကျကိုတော့ လာမယ့် မေလ ၇ ရက်နေ့၊ (မြန်မာစံတော်ချိန် 8:30PM) မှာ "Let Loose" နာမည်နဲ့ ကျင်းပမယ့် Event ကိုပဲ အတူတူစောင့်ကြည့်ကြတာပေါ့ဗျာ ...

image