24 w - Translate

အာဆင်နယ်အသင်းအတွက် ဒီရာသီ ပြိုင်ပွဲစုံ ဂိုး(၁၀၀)ပြည့်ဂိုး ဖြစ်ခဲ့တဲ့ ထရော့ဆာ့ဒ်ရဲ့ဂိုး

လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ် အာဆင်နယ်(၅-ဝ)ချယ်လ်ဆီးပွဲတွင် အာဆင်နယ်အသင်းအတွက် ဘယ်လ်ဂျီယံတောင်ပံကစားသမား လီအန်ဒရိုထရော့ဆာ့ဒ်သွင်းယူခဲ့သည့် အဖွင့်ဂိုးသည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး(၁၀၀)ပြည့်သည့်ဂိုးဖြစ်ခဲ့သည်။နည်းပြ အာတေတာရဲ့ အာဆင်နယ်အသင်းအနေဖြင့် ချယ်လ်ဆီးနှင့်ပွဲတွင် (၅)ဂိုးပြတ်အနိုင်ရရှိပြီးနောက် ယခုရာသီတွင် ပြိုင်ပွဲစုံ(၁၀၄)ဂိုးရှိသွားခဲ့ပြီဖြစ်သည်။အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးအများဆုံးသွင်းထားသည့်အသင်းအဖြစ် (၈၂)ဂိုးအထိ သွင်းယူထားပြီး လိဂ်ဖလားပြိုင်ပွဲတွင်(၂)ဂိုး၊ကွန်မြူနတီဒိုင်းပွဲတွင်(၁)ဂိုး၊ချန်ပီယံလိဂ်တွင် (၁၉)ဂိုးသွင်းယူထားခြင်းဖြစ်သည်။အာဆင်နယ်(၅-ဝ)ချယ်လ်ဆီးပွဲတွင် အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည့် ထရော့ဆာ့ဒ်သည် ပထမအကျော့ပွဲစဉ် ချယ်လ်ဆီး(၂-၂)အာဆင်နယ်ပွဲ၌လည်း အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ထိုစဉ်က ပွဲချိန်(၈၄)မိနစ်တွင် သွင်းယူခဲ့သည့် သူ၏ ချေပဂိုးကြောင့် အာဆင်နယ်အသင်းမှာ မရှုံးခဲ့ရခြင်းဖြစ်သည်။

image